ဘားအံ အောက်တိုဘာ ၂
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကရင်ပြည်နယ် ဘားအံမြို့နယ် နတ်ကျွန်း ကျေးရွာတွင် လူမှုစီးပွားမြှင့်တင်ရေး(သက်တန့်ရောင်)စီမံကိန်းမှ မတည်ထောက်ပံ့ငွေရယူ၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော သက်စမ်းရေ စိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်း သမဝါယမအသင်းရှိ အသင်းသားတောင်သူများ၏ လယ်ယာမြေများ၌ မိုးစပါးစိုက်ပျိုးနေမှု အခြေအနေများကို ဘားအံမြို့နယ်သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်မျိုးမျိုးထွေးနှင့် တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်းကြည့်ရှုခဲ့သည်။
ထို့နောက် မြို့နယ်ဦးစီးအရာရှိက အသင်းသားတောင်သူများနှင့်တွေ့ဆုံကာ မိုးစပါးပန်းတိုင် အထွက်နှုန်း ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန် စပါးပင်များ အာဟာရ ပြည့်ဝစေရေးအတွက် ဓာတ်မြေဩဇာများကို အချိန်ကိုက်နှင့် အချိုးကျစနစ်တကျ ထည့်သွင်း အသုံးပြုနိုင်ရေး၊ စိုက်ခင်းများအတွင်း ပိုးမွှားရောဂါများ ကျရောက်မှုမရှိစေရေး၊ စနစ်တကျ ရေသွင်း ရေထုတ်ပြုလုပ်မှုနှင့် ခေတ်မီစိုက်ပျိုးရေး နည်းစနစ်ကောင်းများ (မျိုး၊ မြေ၊ ရေ၊ နည်း)ဖြင့် ပေါင်းစပ် ကျင့်သုံး၍ အောင်မြင်အောင်စိုက်ပျိုးကြရန် မှာကြားခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်