နေပြည်တော် စက်တင်ဘာ ၈
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသိုက်စိုးသည် ယနေ့နံနက် ပိုင်းက ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေ နှင့် တာဝန်ရှိသူများလိုက်ပါလျက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ ထီအုံကျေးရွာသို့ သွားရောက်၍ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေ ဖြင့် ကျေးရွာအဝင်လမ်း (၂) ဖာလုံ ကတ္တရာခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး အရည်အသွေး ပြည့်မီစွာ အချိန်မီပြီးစီးရေး၊ ကျန်ရှိလမ်းပိုင်းအား ကျေးရွာထည့်ဝင်ငွေဖြင့် ဆောင်ရွက်နိုင်ရေး စည်းရုံး ဆောင်ရွက်ကြရန်၊ ဆောင်ရွက်ပြီးဖွံ့ဖြိုးရေးလုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းကြ ရန် မှာကြားခဲ့သည်။ ဆက်လက်၍ ကျေးရွာသူကျေးရွာသားများနှင့် တွေ့ဆုံကာ ဖွံ့ဖြိုးရေးတင်ပြချက် များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်သို့သွားရောက်၍ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက် နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် (၅-၈-၂၀၂၆ မှ ၂၅-၉-၂၀၂၆ ထိ) ဖွင့်လှစ်လျက်ရှိသည့် အခြေခံ နှင့် မွမ်းမံ စက်ချုပ်သင်တန်း တက်ရောက်နေကြသော သင်တန်းသူ (၁၅) ဦးကို တွေ့ဆုံအားပေး စကား ပြောကြားကာ သင်တန်းသူများ ချုပ်ထားသော အဝတ်အထည်များကို ကြည့်ရှုခဲ့သည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးသည် တောင်ကြီးမြို့၊ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေး ပညာသင်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသားကျောင်းသူများ၊ ဦးစီးဌာန (၄) ခုမှ ဝန်ထမ်း များနှင့်တွေ့ဆုံခဲ့ရာ ကျောင်းအုပ်ဆရာမကြီးက သင်တန်းကျောင်းဆိုင်ရာများ ရှင်းလင်းတင်ပြသည်။ ထို့နောက် ဒုတိယဝန်ကြီးက သမဝါယမကောလိပ်များ၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်များ သို့ ပေါင်းကူးတတ်ရောက်နိုင်အောင် ကြိုးပမ်းဆောင်ရွက်ကြရန်၊ ဝန်ကြီးဌာနမှ အကောင်အထည် ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများကို အောင်မြင်အောင် ဝိုင်းဝန်းပူးပေါင်း ကြိုးစားဆောင်ရွက် ကြရန် တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ဝန်ထမ်းများနှင့် ကျောင်းသားကျောင်းသူများ၏ တင်ပြချက် များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး စားရိပ်သာ၊ စာသင်ဆောင်၊ ကွန်ပျူတာခန်းနှင့် အိပ်ဆောင်များကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးသည် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ တောင်ကြီးမြို့ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းသို့ သွားရောက်ပြီး လက်ရက်ကန်း (၆) လသင်တန်း၊ ချည်မျှင်နှင့်အထည်အလိပ်ကျွမ်းကျင်သူ (၁) နှစ်သင်တန်း၊ စက်ရက်ကန်းသင်တန်း၊ အခြေခံစက်ချုပ် သင်တန်း တက်ရောက်နေကြသော သင်တန်းသူများအား တွေ့ဆုံအားပေးစကားပြောကြားကာ ရက်ကန်းထည်အရောင်းပြခန်း၊ သင်တန်းခန်းမနှင့် စားရိပ်သာတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ကလောမြို့နယ်၊ ဘော်နင်းရွာသစ်စံပြကျေးရွာသို့ သွား ရောက်၍ စော်ဘွားခန်းမတွင် ကျေးရွာကော်မတီဝင်များ၊ ကျေးရွာသူကျေးရွားသားများနှင့်တွေ့ဆုံ ခဲ့ရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြသည်။ ထို့နောက် ဒုတိယဝန်ကြီးက ကျေးလက်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေး၊ သွင်းအားစုနှင့် အရင်းအနှီးထောက်ပံ့ရေး၊ အသက်မွေးဝမ်းကျောင်းနှင့် ကျေးလက်စီးပွားမြင့်မားရေး၊ အသင်းအဖွဲ့စနစ် ခိုင်မာအားကောင်းရေးနှင့် နည်းပညာဖြန့်ဖြူးရေး၊ လူမှုကာကွယ်စောင့်ရှောက်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး စသည့် ခေတ်မီစံပြကျေးရွာ (Smart Village) စီမံကိန်းလုပ်ငန်း ဆိုင်ရာများကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသော ကျေးရွာသူကျေးရွာသားများ၏ တင်ပြ ချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်