Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပေါက်ခေါင်းမြို့နယ်အတွင်း မိုးနှောင်းဝါစိုက်ပျိုးထားမှုများ ကွင်းဆင်းကြည့်ရှု


05 Oct,2026

ပေါက်ခေါင်း အောက်တိုဘာ ၃

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမဦးစီးဌာန ပဲခူးတိုင်းဒေသကြီး ပေါက်‌ခေါင်းမြို့နယ်အတွင်း သက်တန့်ရောင်ချေးငွေဖြင့်ဆောင်ရွက်သော နေခြည်သစ်စိုက်ပျိုးရေး နှင့်အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းမှ အသင်းသားတောင်သူများ စိုက်ပျိုးထားသည့် မိုးနှောင်းဝါ ဧက ၈၀ ၊ Raka (666) မျိုး အောင်မြင်ဖြစ်ထွန်းနေမှုများကို ပေါက်ခေါင်းမြို့နယ် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့သည်။

ထိုသို့ကွင်းဆင်းကြည့်ရှုရာတွင် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက အသင်းသားတောင်သူများနှင့်တွေ့ဆုံ၍ စနစ်ကျသောစိုက်ပျိုးရေးဖြစ်စေရေးအတွက် သွင်းအားစုများ အချိန်ကိုက် မှန်ကန်စွာထည့်သွင်းနိုင်ရေး ပိုးမွှားအန္တရာယ်ကျ‌ရောက်မှုမရှိစေရေး ကြိုတင်သတိပြု ရန်နှင့် လိုအပ်သည်များ မှာကြားခဲ့ကြောင်းသိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်