သာပေါင်းမြို့နယ် သရက်အုပ်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလည်ပတ်ရန်ပုံ ငွေ သတ္တမအကြိမ်ထုတ်ချေး
သာပေါင်း၊အောက်တိုဘာ ၆
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန၊ဧရာဝတီတိုင်းဒေသကြီး ၊ပုသိမ်ခရိုင်၊သာပေါင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကဆီဆုံကျေးရွာအုပ်စု၊ သရက်အုပ်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေ သတ္တမအကြိမ်ထုတ်ချေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သာပေါင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်နွယ်က ကျေးရွာရှိရပ်မိ၊ရပ်ဖများ၊မြစိမ်းရောင်အသင်းသား၊အသင်းသူများ၊မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များ နှင့်တွေ့ဆုံကာမြစိမ်းရောင်ကျေးရွာစီမံကိန်း၏ ရည်ရွယ်ချက်များ၊စီမံကိန်းဆောင်ရွက်ရခြင်း၏ အကျိုးကျေးဇူးများလုပ်ငန်းစဥ်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍သာပေါင်းမြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှစီမံကိန်းတာဝန်ခံဝန်ထမ်းများက အတိုးနှုန်းနှင့်ကာလသတ်မှတ်ချက်များ၊ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီး သရက်အုပ်ကျေးရွာ ရှိ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထိသို့စီမံကိန်းအရင်းမပျောက်လည် ပတ်ရန်ပုံငွေကျပ်၄၉၂သိန်းအား လွှဲပြောင်းပေးအပ်ခဲ့သည်။
ထို့နောက် မြို့နယ်ဦးစီးမှူးဒေါ်တင်တင်နွယ်နှင့်တာဝန်ရှိသူများကမြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်အတူသရက်အုပ်ကျေးရွာတွင် သတ္တမအကြိမ်အဖြစ် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ၂၀ဦးကိုငွေကျပ် ၁၆၅သိန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူနှစ်ဦးကိုငွေကျပ် ၁၄သိန်း၊ရေလုပ်ငန်းလုပ်ကိုင်သူ ၂၃ဦးကို၁၈၇သိန်း၊အရောင်းအ ဝယ်လုပ်ငန်းလုပ်ကိုင်သူ ၁၁ဦးကို ၉၅သိန်း၊အသက်မွေးဝမ်းကျောင်း(လက်သမားပညာနှင့် စက်ချုပ်)လုပ်ငန်းလုပ်ကိုင်သူ လေးဦးကိုငွေကျပ်၃၁သိန်း၊စုစုပေါင်းအသင်းသား၊အသင်းသူ၆၀ဦးကိုအရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၄၉၂သိန်းထိထုတ်ချေးပေးခဲ့ကြောင်း သာပေါင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူးဒေါ်တင်တင်နွယ်ထံမှ သိရသည်။
နွဲ့ယဥ်
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်