Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဟင်္သာတမြို့နယ် ခတ်ချိုကုန်း ကျေးရွာ၌ Engine and Compressor တပ်ဆင်ခြင်း ၊ ရေစုကန် နှင့် ရေစက်ရုံ တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုစစ်ဆေး


05 Oct,2026

ဟင်္သာတမြို့နယ် ခတ်ချိုကုန်း  ကျေးရွာ၌ Engine and Compressor တပ်ဆင်ခြင်း ၊ ရေစုကန် နှင့် ရေစက်ရုံ တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုစစ်ဆေး

ဟင်္သာတ အောက်တိုဘာ ၅

သမဝါယမ  နှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတ ခရိုင် ဟင်္သာတမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေဖူလုံစွာ ရရှိစေရန် ရည်ရွယ်၍ ၂၀၂၆-၂၀၂၇ ခု ဘဏ္ဍာနှစ်တွင်  ဘိတ်ရိုးကျေးရွာအုပ်စု၊ ခက်ချိုကုန်း ကျေးရွာ၌ Engine and Compressor တပ်ဆင်ခြင်း ၊ ရေစုကန် နှင့် ရေစက်ရုံ တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု  အခြေအနေများ ကို အောက်တိုဘာ ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။          

         ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဟင်္သာတ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန  မြို့နယ်ဦးစီးမှူး ဒေါ်ဆွေဆွေဝင်း နှင့် တာဝန်ခံအင်ဂျင်နီယာများက ကျေးရွာ ရေပေးရေး ကော်မတီဝင်များနှင့်အတူ Engine and Compressor တပ်ဆင်ခြင်း ၊ ရေစုကန် နှင့် ရေစက်ရုံ တည်ဆောက်ခြင်း လုပ်ငန်း ဆောင်ရွက် နေမှုအခြေအနေများ ကို   ကွင်းဆင်းစစ်ဆေးပြီး ဟင်္သာတမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဆွေဆွေဝင်း က သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစွာ ဖြင့် သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးရေး အလေးထား ဆောင်ရွက်ရန်မှာကြားခဲ့ပြီး  ကျေးရွာ၏တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။

          ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ဟင်္သာတ မြို့နယ်အတွင်း ခက်ချိုကုန်း   ကျေးရွာ၌  Engine and Compressor တပ်ဆင်ခြင်း ၊ အလျား ၁၂ ပေ၊ အနံ ၆ ပေ ၊ အမြင့် ၅ ပေ ရှိ‌ ရေစုကန်တည်ဆောက်ခြင်း နှင့် အလျား ၁၀ ၊ အနံ ၈ ပေ ၊ အမြင့် ၈ ပေ ရှိ ရေစက်ရုံ တည်ဆောက်ခြင်း လုပ်ငန်း များကို  ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၂၆ ဒသမ ၉၂၁ သန်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အင်ဂျင်နီယာများက  ယခုနှစ် ဇွန်လ  ၂၇ ရက်နေ့က စတင်၍  တာဝန်ယူ‌ ဆောင်ရွက်လျက်ရှိရာ ယခုအခါ  လုပ်ငန်း ဆောင်ရွက်မှုမှာ ၈၅  ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီးဖြစ်ပါကြောင်း  နှင့် အဆိုပါလုပ်ငန်း ဆောင်ရွက်က်ပြီးပါက လူဦးရေ ၁၉၆ ဦး အကျိုးပြုသွားမည်ဖြစ်ကြောင်း  ဟင်္သာတ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန  မြို့နယ်ဦးစီးမှူး ဒေါ်ဆွေဆွေဝင်း ပြောပြ၍   သိရသည်။          

ဇင်မာ


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်