Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မင်းလှမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ ကျင်းပပြုလုပ်


06 Oct,2026

မင်းလှမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ ကျင်းပပြုလုပ်

‎************************************************************************

‎မင်းလှ ၊ အောက်တိုဘာ ၆

‎သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ဆောင်ရွက်မည့် ကျေးရွာ ၃ ရွာမှ ကော်မတီဝင်များထံ စီမံကိန်းရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကို အောက်တိုဘာ ၅ ရက်နေ့က အဆိုပါဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

‎‎ရှေးဦးစွာ မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇံလှက အဖွင့်အမှာစကားပြောကြားပြီး မင်းလှမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်လှမျိုးသူက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း VDP ၏ ရည်ရွယ်ချက်၊ အကျိုးကျေးဇူးများ၊ စီမံကိန်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

‎‎ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ဆောင်ရွက်မည့် ရွာတော်ကျေးရွာ၊ သံပုရာကန်ကျေးရွာနှင့် ကတကျေးရွာတို့မှ စီမံကိန်းလုပ်ငန်းအဖွဲ့ဝင် များထံသို့ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ထောက်ပံ့ငွေကျပ် သိန်း ၁၅၀ စီကို လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

‎‎အဆိုပါကျေးရွာ ၃ ရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ထောက်ပံ့ငွေကျပ် သိန်း ၁၅၀ စီ နှင့် ပြည်သူထည့်ဝင်ငွေများဖြင့် ကျေးရွာအခြေခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းများကို ဌာနဝန်ထမ်း များ၏ နည်းပညာပံ့ပိုးမှုဖြင့် ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မင်းလှမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

‎


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်