ဘားအံ အောက်တိုဘာ ၇
ကရင်ပြည်နယ် ဘားအံမြို့နယ် နောင်လုံအနောက်အုပ်စု ကော့မကယ်ကျေးရွာတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမဦးစီးဌာန၏ လူမှုစီးပွားမြှင့်တင်ရေး (သက်တန့်ရောင်)စီမံကိန်း၊ မတည်ငွေရယူ၍ ဆောင်ရွက်လျက်ရှိသော မိသားစုစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းသားတောင်သူများက ၎င်းတို့၏လယ်ယာမြေများတွင် မိုးစပါးများ စိုက်ပျိုးနေမှုအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုသည်။
ထိုသို့ကွင်းဆင်းကြည့်ရှုရာတွင် ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက အသင်းသား တောင်သူများနှင့် တွေ့ဆုံ၍ သမဝါယမစနစ်ကိုအခြေခံပြီး စုပေါင်းဆောင်ရွက်သည့်စနစ်ကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများ ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
ခရိုင်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်