Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျွန်းစုမြို့နယ် ကလိန်ဘဲကျေးရွာ၌ အယ်လ်နီညိုရာသီဥတုအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးဟောပြော


13 Nov,2026

‎ကျွန်းစုမြို့နယ် ကလိန်ဘဲကျေးရွာ၌ အယ်လ်နီညိုရာသီဥတုအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးဟောပြော

‎********************************************************************************

‎မြို့သစ် ၊ နိုဝင်ဘာ ၁၃

‎သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အယ်လ်နီညိုရာသီဥတုအန္တရာယ် ကြိုတင်ကာကွယ် နိုင်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကလိန်ဘဲကျေးရွာ၌ ကျင်းပပြုလုပ်သည်။

‎‎ဟောပြောပွဲတွင် ကျွန်းစုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နှင်းသန္တာက အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် သောက်သုံးရေပြတ်လပ်မှုမရှိစေရေး ကြိုတင် ဆောင်ရွက်ရမည့် အချက်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ပတ်သက်၍ ပြင်ဆင်ဆောင်ရွက်ရမည့် အချက်များ၊ အပူဒဏ် ကာကွယ်ရေးဆိုင်ရာ သတိပြု လိုက်နာရမည့်အချက်များကို အသိပညာပေး ဟောပြောသည်။

‎‎ထို့နောက် မြို့နယ်ဦးစီးမှူး ဒေါ်နှင်းသန္တာနှင့် ဝန်ထမ်းများက သောက်သုံးရေရှားပါးမှုများ မဖြစ်ပေါ်စေရေး ကြိုတင်ပြင်ဆင်နိုင်ရန်နှင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ ကြောင်း ကျွန်းစုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်