ကျောက်တန်းမြို့နယ် မြိုင်သာယာကျေးရွာ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုစစ်ဆေး
************************************************************************
ကျောက်တန်း ၊ နိုဝင်ဘာ ၁၆
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ မြိုင်သာယာကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေကျပ် ၂၁၆ ဒသမ ၆၃ သန်းဖြင့် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို နိုဝင်ဘာ ၁၅ ရက်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ကွင်းဆင်းရာတွင် အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဦးကြည်စောနှင့် ခရိုင် မြို့နယ်မှ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဒေသခံရပ်မိရပ်ဖများနှင့်အတူ မြိုင်သာယာကျေးရွာ တွင်းလမ်း အရှည် ၃ ဒသမ ၃၃၃ ဖာလုံ အကျယ် ၁၂ ပေ အမြင့် ၇ လက်မ ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဦးကြည်စောနှင့် မြို့နယ်ဦးစီးမှူး ဦးထွန်းဝင်းလတ်တို့က လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြပြီး အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က Myanmar Golden Star Development ကုမ္ပဏီမှ တာဝန်ရှိသူအား ကွန်ကရစ်လမ်းကို သတ်မှတ်အတိုင်းအတာ သတ်မှတ်ဒီဇိုင်းအတိုင်း စံချိန်စံညွှန်းပြည့်မီစွာဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက် ရန်မှာကြားသည်။
ထို့နောက် အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်နှင့် တာဝန်ရှိသူများက ဒေသခံရပ်မိရပ်ဖများ၊ ကျေးရွာသူ ကျေးရွာသားများနှင့် တွေ့ဆုံ၍ ကျေးရွာဖွံ့ဖြိုးရေးဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ကြောင်း ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်