Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သနပ်ပင်မြို့နယ် ကုလားချောင်းကြီးကျေးရွာ၌ အယ်လ်နီညိုဖြစ်စဉ်ကြောင့် သောက်သုံးရေရှားပါးမှုမဖြစ်ပေါ်စေရေးနှင့်အပူဒဏ်အန္တရာယ်ကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြော


18 Nov,2026

သနပ်ပင်မြို့နယ် ကုလားချောင်းကြီးကျေးရွာ၌ အယ်လ်နီညိုဖြစ်စဉ်ကြောင့် သောက်သုံးရေရှားပါးမှုမဖြစ်ပေါ်စေရေးနှင့်အပူဒဏ်အန္တရာယ်ကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြော


သနပ်ပင်၊နိုဝင်ဘာ ၁၈

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင်၊သနပ်ပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှအယ်လ်နီညိုအန္တရာယ်ကြိုတင် ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းကကုလားချောင်းကြီးကျေးရွာအုပ်စု၊ကုလားချောင်းကြီးကျေးရွာ၌ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ သနပ်ပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ကေသီထွန်းက အယ်လ်နီညိုရာသီဥတုဖြစ်စဉ်အတွင်း မိုးရွာသွန်းမှု မူမမှန်ခြင်း၊ မိုးခေါင်ခြင်း၊ ရေရှားပါးခြင်းနှင့် အခြားဘေးထွက်ဆိုးကျိုးများဖြစ်ပေါ်နိုင်သဖြင့် သောက်သုံးရေပြတ်လပ်မှုမဖြစ်ပေါ်စေရေး ရေကိုကြိုတင်စုဆောင်းထားရှိရန်၊ ရေကိုစနစ်တကျသုံးစွဲကြရန်နှင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက ဌာနဆိုင်ရာ အဖွဲ့အစည်းများထံ အချိန်နှင့် တစ်ပြေးညီ ဆက်သွယ်ဆောင် ရွက်ကြရန်လိုကြောင်း ရှင်းလင်းပြောကြား သည်။
ဆက်လက်၍ သနပ်ပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများက အယ်လ်နီညိုရာသီဥတုနှင့် အပူဒဏ် ကာကွယ်ရေးဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ရှောင်ကြဉ်ရမည့်အချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် သနပ်ပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများကဟောပြောပွဲသို့တက်ရောက် လာကြသော ကုလားချောင်းကြီးကျေးရွာမှ ရပ်မိရပ်ဖများ၊ ကျေးရွာသူ၊ ကျေးရွာသားများထံ အယ်လ်နီညိုရာသီဥတုနှင့် အပူဒဏ်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သနပ်ပင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး‌ ဒေါ်ကေသီထွန်းက ပြောပြ၍ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်