Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ တက္ကသိုလ်မိသားစု၏ အကြိမ်(၃၀)မြောက် စုပေါင်းမဟာဘုံကထိန်၊ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပခြင်း


18 Nov,2026

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)တွင် “တက္ကသိုလ်မိသားစု၏ အကြိမ်(၃၀)မြောက် စုပေါင်းမဟာဘုံကထိန်၊ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ” အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ (၁၈)ရက်နေ့ နံနက် (၁၀:၀၀)နာရီ အချိန်တွင် တက္ကသိုလ်၏ ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ သန်လျင်မြို့၊ ဝိသုဒ္ဓါရာမ ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော် ဘဒ္ဒန္တကုမာရ (ဒီဃဘာဏက၊ ဓမ္မာစရိယ၊ သာသနဟိတဓရ) အမှူးပြုသည့် သံဃာတော်အရှင်သူမြတ် (၅)ပါး ကြွရောက်ချီးမြှင့် တော်မူကြပြီး ပါမောက္ခချုပ် ဒေါက်တာရီရီဝင်း၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ သင်ကြား/စီမံ ဌာနများမှ ဌာနမှူးများ၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ MPA၊ MEBM၊ MAR (HRD) သင်တန်းများမှ ကျောင်းသား၊ ကျောင်းသူများနှင့် ဧည့်သည်တော်များ တက်ရောက်ကြ ပါသည်။ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို နမောတဿ (၃)ကြိမ် ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် ဆရာတော်ထံမှ (၅)ပါးသီလ ခံယူဆောက်တည်၍ သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားချီးမြှင့်တော်မူသည့် အန္တရာယ်ကင်းပရိတ်တရားတော်များကို နာယူခဲ့ကြပြီး ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ၎င်းနောက် ဆရာတော်ထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ အခမ်းအနားအပြီးတွင် သံဃာတော် အရှင်သူမြတ်များအား ပါမောက္ခချုပ်နှင့်တကွ အလှူရှင်ဝန်ထမ်းမိသားစုများမှ နေ့ဆွမ်း၊ ခဲဖွယ်၊ ဘောဇဉ်တို့ကို ဆက်ကပ်လှူဒါန်းခဲ့ပြီး တက်ရောက်လာကြသည့် ဝန်ထမ်းမိသားစုများနှင့် ဧည့်သည်တော်များအား ရွှေတောင်ခေါက်ဆွဲဖြင့် ဧည့်ခံကျွေးမွေးခဲ့ပါသည်။ အဆိုပါ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားတွင် ပဒေသာပင် (၁၁)ခုအပါအဝင် ငွေသားပဒေသာပင်တန်ဖိုး (၁၂,၇၈၅,၀၀၀/-)ကျပ်နှင့်ပစ္စည်းပဒေသာပင်တန်ဖိုး (၅,၂၉၂,၂၀၀/-)ကျပ် စုစုပေါင်းတန်ဖိုးကျပ် (၁၈,၀၇၇,၂၀၀/-) ကို ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်