နေပြည်တော် နိုဝင်ဘာလ ၁၉
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ နေပြည်တော်သမဝါယမ ဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနနှင့် အသေးစား စက်မှုလက်မှုဦးစီးဌာနတို့သည် သမဝါယမစနစ်ကို မဏ္ဍိုင်ပြု၍ ကျေးလက်နေပြည်သူများ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပေါင်းစပ်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ယမန်နေ့က နေပြည်တော် သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်များအပေါ် လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများကို ဦးစီးဌာနအသီးသီးမှ ဆွေးနွေးခဲ့ကြပြီး စီမံကိန်းလုပ်ငန်းများအား ပေါင်းစပ်ဆောင်ရွက်နိုင်ရေးနှင့် သမဝါယမအသင်း/အသင်းသားများ၊ မြို့ပြ/ ကျေးလက်နေပြည်သူ များ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများအား ပေါင်းစပ်ဆောင်ရွက်ပေးနိုင်မည့် လုပ်ငန်း စဉ်များ၊ နည်းလမ်းများကို ဆွေးနွေးပြောကြားသည်။
အဆိုပါအစည်းအဝေးကို သက်ဆိုင်ရာဦးစီးဌာနအဆင့်ဆင့်ရှိ တာဝန်ရှိသူများနှင့် မြို့နယ် သမဝါယမအသင်းစု ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်