ဘုတ်ပြင်းမြို့နယ် ကလန်းချောင်းကျေးရွာ၌ လူလျှောက်တံတားတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုစစ်ဆေး
********************************
ဘုတ်ပြင်း ၊ နိုဝင်ဘာ ၂၀
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ တိုင်းဒေသကြီးရန်ပုံငွေကျပ် ၁၆၄ ဒသမ ၆၃၆ သန်းဖြင့် ထောင်ခမက်ကျေးရွာအုပ်စု၊ ကလန်းချောင်းကျေးရွာ၌ လူလျှောက်တံတားတည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို တာဝန်ရှိသူ များက နိုဝင်ဘာ ၁၉ ရက်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဘုတ်ပြင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မိုးမြင့် နှင့် တာဝန်ရှိသူများသည် ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များနှင့်အတူ ကလန်းချောင်းကျေးရွာ၌ လူလျှောက်တံတားအရှည် ၂၅၀ ပေအမြင့် ၈ ပေ အကျယ် ၈ ပေ ကွန်ကရစ်တံတားတည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက လုပ်ငန်းတာဝန်ခံအား လုပ်ငန်းများအားလုံး စံချိန်စံညွှန်းပြည့်မီစွာဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွင်ရန်မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကလန်းချောင်းကျေးရွာ၌ လူလျှောက်တံတားတည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် တွင် တိုင်းဒေသကြီးရန်ပုံငွေကျပ် ၁၆၄ ဒသမ ၆၃၆ သန်းဖြင့် တက်လူထူးကုမ္ပဏီမှ တာဝန်ယူ၍ စက်တင်ဘာ ၁၅ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ၃၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း ဘုတ်ပြင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်