နေပြည်တော်၊ နိုဝင်ဘာ ၁၉
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် ပြည်ထောင်စုနယ်မြေအတွင်း ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မည့် ခရိုင်(၄)ခုမှ လုပ်ငန်းရှင် များနှင့်တွေ့ဆုံပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက အဆိုပါ ဦးစီးဌာနရှိ Incubation Centre ၌ ကျင်းပသည်။
တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားသို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် လုပ်ငန်း ရှင်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားပြီး ဒုတိယ ညွှန်ကြားရေးမှူးချုပ်(စီမံ)က ပြည်ထောင်စုနယ်မြေအတွင်းရှိ ခရိုင်(၄)ခရိုင်အတွင်း ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်မည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြသည်။
ထို့နောက် တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက်လာကြသော မျှစ်လုပ်ငန်းရှင်းများ၊ ယိုမျိုးစုံနှင့် Snack လုပ်ငန်းရှင်များ၊ သရက်သီးတန်ဖိုးမြှင့်ထုတ်ကုန်လုပ်ငန်းရှင်များ၊ ဇီး၊ မန်ကျည်း တန်ဖိုးမြှင့်ထုတ်ကုန်လုပ်ငန်းရှင်များ နှင့် တံမြက်စည်းလုပ်ငန်းရှင်များကို ၎င်းတို့၏ လုပ်ငန်းဆောင် ရွက်နေမှုများနှင့် လိုအပ်ချက်များအား ရှင်းလင်းတင်ပြကြရာ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူ များက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်