Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြစိမ်းရောင်ကျေးရွာစီမံကိန်းအကောင်အထည်ဖော်ရေးမွမ်းမံသင်တန်းဆင်းပွဲကျင်းပ


20 Nov,2026

မြစိမ်းရောင်ကျေးရွာစီမံကိန်းအကောင်အထည်ဖော်ရေးမွမ်းမံသင်တန်းဆင်းပွဲကျင်းပ

နေပြည်တော် နိုဝင်ဘာ ၂၀

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာစီမံကိန်းအကောင်အထည်ဖော်ရေးမွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနားကို နိုဝင်ဘာလ ၁၉ ရက်နေ့ ညနေ ၄း၀၀နာရီခွဲ အချိန်က နေပြည်တော်ရှိ ရုံးအမှတ်(၃၆-B) ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်းက စီမံကိန်းရည်မှန်းချက်များ အောင်မြင် စေဖို့၊ အစိုးရသစ်ရဲ့ ပြုပြင်ပြောင်းလဲရေးမူဝါဒတွေ၊ ပြည်ထောင်စုဝန်ကြီးရဲ့ လမ်းညွှန်ချက်တွေနဲ့အညီ စီမံကိန်းကျေးရွာတွေမှာ သမဝါယစနစ်ကို မဏ္ဍိုင်ပြုပြီး စနစ်ကျသော စိုက်ပျိုးရေး၊ မွေးမြူရေး ထုတ်ကုန်များတိုးမြှင့်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြဖို့ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန အချင်းချင်းပေါင်းစပ်ဆောင်ရွက်ကြဖို့ မှာကြားလိုပါကြောင်း၊ သင်တန်းကာလ(၅)ရက်တာ ဆွေးနွေး ပို့ချပြီးဖြစ်တဲ့အတွက် မိမိတို့ဒေသသို့ ပြန်လည်ရောက်ရှိတဲ့အခါမှာ စီမံကိန်းကိုအတူတကွ အကောင် အထည်ဖော်မည့် လုပ်ဖော်ကိုင်ဖက်ဝန်ထမ်းများကို သင်တန်းက ရရှိခဲ့တဲ့အသိပညာ၊ ဗဟုသုတ တွေနဲ့ နည်းပညာများကို ပြန်လည်မျှဝေပေးကြဖို့ တိုက်တွန်းမှာကြားလိုပါကြောင်း၊ ကျေးရွာတွေ ရွေးချယ် ရာမှာ ပြည်ထောင်စုဝန်ကြီးရဲ့ လမ်းညွှန်ချက်နဲ့အညီ ၃မိုင်၊ ၅မိုင်၊ ၁၀မိုင်ဆိုတဲ့ မဟာဗျူဟာ မြောက်တည်နေရာရွေးချယ်တာတွေ၊ အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ ကျင့်သုံးရမယ့် မဟာဗျူ ဟာ၊ ပြည်သူကိုယ်တိုင်စီမံခန့်ခွဲသော ကျေးရွာဖွံ့ဖြိုးရေးအောင်မြင်စေဖို့၊ သင်တန်းသား သင်တန်းသူတွေ အနေနဲ့ ကျေးလက်နေပြည်သူတွေနဲ့ အနီးကပ်ပြောဆိုဆက်ဆံရတာဖြစ်လို လူထုဆက်ဆံရေး ကောင်းမွန်ဖို့စတာတွေ သိ ၃သိဆိုတဲ့ မူကို လက်ကိုင်ထားပြီး လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ကြဖို့ မှာကြားလိုပါကြောင်း၊ ဝတ်စားဆင်ယင်မှုအနေနဲ့ မှာကြားလိုတာကတော့ ရုံးဖွင့် ရက်တွေမှာ သတ်မှတ်ယူနီဖောင်းဝတ်စုံ၊ ကွင်းဆင်းရာမှာ တရားဝင်သတ်မှတ်ထားသော ယူနီဖောင်း ဝတ်စုံများကို ပြည့်စုံစွာ ဝတ်ဆင်ကြဖို့နဲ့ မိမိဒေသသို့ ပြန်လည်ရောက်ရှိတဲ့အခါ မိမိနဲ့အတူ တာဝန်ထမ်းဆောင်နေကြတဲ့ ဝန်ထမ်းအချင်းချင်းကိုလည်း ဒီသတင်းစကားတွေကို ပြန်လည်မျှဝေပေးဖို့ အထူးသတိပေးမှာကြားလိုပါကြောင်း ပြောကြားသည်။

ဆက်လက်ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်း က မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင် အထည်ဖော်ရေးမွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားသို့တက်‌ရောက်ကြသည့်သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ရာ သင်တန်းသားသင်တန်းသူများကိုယ်စား သင်တန်းသား တစ်ဦးနှင့် သင်တန်းသူတစ်ဦးတို့မှ လက်ခံရယူခဲ့ပါသည်။

အခမ်းအနားသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများမှ သင်တန်းသား၊ သင်တန်းသူ(၄၀)ဦးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြပြီး အဆိုပါသင်တန်းကို နိုဝင်ဘာလ ၁၆ ရက်နေ့မှ နိုဝင်ဘာလ ၁၉ ရက်နေ့ထိ လေးရက်ကြာ စာတွေ့လက်တွေ့ဖြင့် သင်ကြားပို့ချ‌ပေးခဲ့ကြောင်း သိရသည်။

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်