Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မကွေးမြို့နယ်၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲကျင်းပပြုလုပ်


09 May,2022

မကွေး မေ ၈

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူးပြီး မကွေးမြို့နယ်၊ သဖန်းဆိပ်ကျေးရွာအုပ်စု၊ ထုံးပေါက်တောတောင်ကျေးရွာ၌ "အသက်မွေးဝမ်း ကျောင်းအထောက်အကူပြုလူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း"ဆင်းပွဲကို မေ ၇ ရက်နေ့ နံနက် ၁၀ နာရီက အဆိုပါကျေးရွာ ဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ပထမဦးစွာ မကွေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်တင်တင်စိုးက အဆိုပါသင်တန်းအား အရင်းအနှီးနည်းပါးခြင်း၊ ပြုလုပ်ရလွယ်ကူခြင်း၊ ကုန်ကြမ်းလက်လှမ်းမီဝယ်ယူရရှိနိုင်ခြင်းနှင့် တပိုင်တနိုင်စီးပွားဖြစ်ဆောင်ရွက်နိုင်ခြင်းတို့ကြောင့် ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ သင်တန်းသူ သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ပြီး သင်တန်းသူတစ်ဦးက သင်တန်းမှ ရရှိသည့် ပညာရပ်များမှာ လက်တွေ့လူမှုဘဝတွင် ထိထိရောက်ရောက် အသုံးချနိုင်သည့်အတွက် ကျေးရွာသူကျေးရွာသားများ၏ မိသားစုစားဝတ်နေရေးကို တဖက်တလှမ်းမှ အကောက်အကူပြုမည်ဖြစ်ကြောင်း၊ တပိုင်တနိုင် အသေးစားစီးပွားရေးလုပ်ငန်းအဖြစ် ဆောင်ရွက်နိုင်သည့်အတွက် အလုပ်အကိုင်အခွင့်အလမ်း ရရှိလာမည်ဖြစ်၍ များစွာဝမ်းမြောက်မိပါကြောင်း ပြောကြားသည်။

ထုံးပေါက်တောတောင်ကျေးရွာ၌ ဖွင့်လှစ်သည့် "အသက်မွေးဝမ်း ကျောင်းအထောက်အကူပြုလူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း"တွင် ဆပ်ပြာဆီအမျိုးမျိုးပြုလုပ်နည်း၊ ဆပ်ပြာခရင်မ်ပြုလုပ်နည်း၊ ဆပ်ပြာခဲအမျိုးမျိုးပြုလုပ်နည်းနှင့် သဘာဝခေါင်းလျှော်ရည်ပြုလုပ်နည်းများကို မေလ ၁ ရက်နေ့မှ ၇ ရက်နေ့ထိ ၇ ရက်ကြာ ဖွင့်လှစ်သင်ကြားခဲ့ပြီး ထုံးပေါက်တောတောင်ကျေးရွာနှင့် ပတ်ဝန်းကျင်ရှိကျေးရွာများမှ သင်တန်းသူသင်တန်းသား ၂၅ ဦး တက်ရောက်သင်ယူခဲ့ကြောင်း မကွေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

အထွေး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်