Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဘဏ္ဍာရေးဆိုင်ရာအသိပညာပေးသင်တန်း(တတိယအကြိမ်)ဖွင့်ပွဲ အခမ်းအနားကျင်းပ


16 May,2022

နေပြည်တော်၊ မေ ၁၆

မဲခေါင်-လန်ချန်းအထူးရန်ပုံငွေ(၂၀၂၀)ဖြင့် ဆောင်ရွက်သည့် မြန်မာနိုင်ငံနှင့် မဲခေါင် ဒေသရှိ သမဝါယမအသင်းများဖွံ့ဖြိုးတိုးတက်စေရန်နှင့် စွမ်းဆောင်ရည်မြှင့်တင်စေရန်အတွက် ဖွင့်လှစ်သော ဘဏ္ဍာ‌ရေးဆိုင်ရာအသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို သမဝါယမဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ညှိနှိုင်းအစည်းအဝေးခန်းမ၌ Online စနစ်ဖြင့် ယနေ့ နံနက် (၀၉:၃၀)နာရီတွင် ကျင်းပခဲ့ရာ သမဝါယမဦးစီးဌာန၊  ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မြင့်ဝင်းကြည် နှင့်တာဝန်ရှိသူများ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့သည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် သမဝါယမဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မြင့်ဝင်းကြည်က ဝန်ထမ်းများအနေဖြင့် ဘဏ္ဍာရေးဆိုင်ရာ ဗဟုသုတများကို သိရှိစေရန်နှင့် လုပ်ငန်းခွင်တွင် အသုံးချနိုင်ရေး ဂရုပြုကြိုးစားဆောင်ရွက်ကြရန် အမှာစကားပြောကြားခဲ့သည်။ ထို့နောက် သင်တန်းတွင် သင်ကြားပို့ချမည့် ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းအေးက ယခုသင်တန်းမှ ပို့ချသည့် သင်ခန်းစာများကို လေ့လာသိရှိပါက ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းတာဝန်များ ပေးအပ်ခဲ့ လျှင် အခက်အခဲမရှိ တာဝန်ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ဘဏ္ဍာ‌ရေးဆိုင်ရာအသိပညာပေးသင်တန်း(တတိယအကြိမ်)ကို Online မှ တစ်ဆင့် Zoom Application (၁၆-၅-၂၀၂၂)မှ (၂၄-၅ -၂၀၂၂) ရက်နေ့ထိ သင်တန်းသား/သူ (၁၂၅)ဦးဖြင့် နံနက်  (၉:၃၀)နာရီမှ နေ့လည်(၁၂:၂၀)နာရီထိ သင်ကြားပို့ချပေးသွားမည်ဖြစ် ကြောင်း သိရသည်။

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်