နေပြည်တော်၊ မေ ၁၈
သမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို စုပေါင်းအစည်းအဝေးခန်းမ၌ ယနေ့ နေ့လည် (၁:၀၀)နာရီတွင် ကျင်းပရာ ပြည်ထောင်စု ဝန်ကြီးက တက်ရောက်အမှာစကားပြောကြားခဲ့သည်။ အစည်းအဝေးတွင် ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဗဟိုသမဝါယမအသင်းမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ပြည်နယ် သမဝါယမဦးစီးဌာနများမှ ညွှန်ကြားရေးမှူးများနှင့် သမဝါယမအသင်း စုချုပ်ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့ ဝန်ကြီးဌာနအနေနဲ့ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များချမှတ်ပြီး မြို့ပြနှင့်ကျေးလက်ဒေသများဖွံ့ဖြိုးမှုကို ဆက်စပ် ဆောင်ရွက်နိုင်သည့် ဦးစီးဌာန(၃)ခု ပူးပေါင်းဖွဲ့စည်းပေးထားတာဖြစ်ပါကြောင်း၊ ထုတ်လုပ်၊ ဝန်ဆောင်၊ ကုန်သွယ်သမဝါယမအသင်းပေါင်း ၃၉၃၉၉ သင်း ဖွဲ့စည်းပြီး အခြေခံပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားလာစေရေး အထောက်အကူပြုနိုင်ရန်နှင့် အသင်းသားပြည်သူများ၏ အကျိုးရရှိရေးကို လက်တွေ့ဖော်ဆောင်ရန် ပြောကြားလိုပါကြောင်း။
သမဝါယမအသင်းသစ်များ တိုးချဲ့ဖွဲ့စည်းပြီး အမှုဆောင်ဒါရိုက်တာများ ရွေးချယ် တင်မြှောက်ရာတွင် လုပ်ငန်းများကျွမ်းကျင်ပြီး တက်ကြွသောပုဂ္ဂိုလ်များ ပါဝင်လာနိုင်ရေး စည်းရုံးဖွဲ့စည်းသွားကြရန် လိုအပ်ပါကြောင်း၊ သမဝါယမကန်ထရိုက်လယ်ယာစနစ်ကို သမဝါယမ အသင်းများက ဦးဆောင်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျယ်ပြန့်စွာ ဆောင်ရွက်သွားရန် နှင့် မျိုးစေ့ထုတ်လုပ်ရေးလုပ်ငန်း၊ စိုက်ပျိုးရေးသွင်းအားစုများကို ကုမ္ပဏီများနှင့် ချိတ်ဆက် ဆောင်ရွက်ပေးခြင်း၊ သဘာဝမြေဩဇာများအား အသင်းအချင်းချင်းချိတ်ဆက်ပြီး ရောင်းချ ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်ခြင်းအပါအဝင် စားသုံးဆီဖူလုံရေးအတွက် Supply Chain တစ်ခုလုံးကို သမဝါယမအသင်းအဆင့်ဆင့် လမ်းကြောင်းက ဆောင်ရွက်နိုင်ရေး ကြိုးပမ်းအားထုတ်ကြရန်နှင့် ဒေသအလိုက်ထွက်ရှိသည့် လူသုံးကုန်စားသောက်ကုန်ပစ္စည်း၊ ကုန်ကြမ်းများကို အရည်အသွေးပြည့်မီသော ကုန်ချောပစ္စည်း များ၊ ထုတ်လုပ်နိုင်ရေးအတွက် သမဝါယမအသင်းပိုင် စက်ရုံအလုပ်ရုံများဖွင့်လှစ်ခြင်း ဆောင်ရွက် သွားကြရန်နှင့် လူသုံး၊ အိမ်သုံးပစ္စည်းများအား ပြည်သူများ ပစ္စည်းမှန်၊ ဈေးမှန် လွယ်လင့်တကူ ဝယ်ယူရရှိနိုင်ရေး သမဝါယမအရောင်းဆိုင်များအား အဆင့်မြှင့်တင်ပြီး ရောင်းအားကောင်းသော ပစ္စည်းများ စုံလင်စွာ ရောင်းချနိုင်ရေး ဆောင်ရွက်သွားကြဖို့ မှာကြားလိုပါကြောင်း။
မိမိတို့ဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်တစ်ခုစီတွင် ခေတ်မီစံပြ ကျေးရွာ (Smart Village) (၃)ရွာစီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါ ခေတ်မီစံပြကျေးရွာများတွင် သမဝါယမစနစ်ဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အသက်မွေးဝမ်းကြောင်း လုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရန် အတွက် ကျေးရွာသူ/ကျေးရွာသားများ စည်းရုံးပြီး စုပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိနိုင်ရေး သမဝါယမအသင်းများ ဖွဲ့စည်းဆောင်ရွက်သွားကြဖို့ကိုလည်း တိုက်တွန်းမှာကြားလိုပါကြောင်း။
သမဝါယမကဏ္ဍအနေဖြင့် ပြည်သူများအား သမဝါယမဆိုင်ရာ အသိပညာပြန့်ပွား ရေး ကွင်းဆင်းစည်းရုံးဆောင်ရွက်ပြီး ရရှိလာသည့် အကျိုးငွေများကိုလည်း အသင်းသားများအား ထိရောက်စွာ ပံ့ပိုးပေးနိုင်အောင် လုပ်ဆောင်ပေးရန် လိုကြောင်း၊ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေး ဆောင်ရွက်ရာမှာ သမဝါယမသင်တန်းကျောင်းများ အဆင့်မြှင့်တင်ပြီး အသက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ကြားခွင့်ရရှိအောင် စီမံဆောင်ရွက်ပေးဖို့နဲ့ အလုပ် အကိုင်အခွင့်အလမ်းများ ရရှိရေးကိုလည်း ဆောင်ရွက်ပေးကြဖို့ မှာကြားလိုပါတယ်။
သမဝါယမအသင်းများကို ဦးဆောင်ကြီးကြပ်နိုင်မှုပြုနိုင်ရန် အခြားဦးစီးဌာနများကဲ့သို့ ခရိုင်အဆင့် ဖွဲ့စည်းပုံများတိုးချဲ့ပြီး ကြီးကြပ်ဆောင်ရွက်သွားကြရန်၊ ပြည်သူများအတွက် လက်ငင်းအကျိုးပြုနိုင်မည့် လုပ်ငန်းများကို ဆက်စပ်ဌာနများနှင့် ညှိနှိုင်းပြီး ဆောင်ရွက်ပေးသွား ကြရန်နှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်ရေးယန္တရားစနစ် (Integration Mechanism )ချမှတ်ဆောင်ရွက် သွားကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်