Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဖြူးမြို့နယ်၊ငှက်ကြီးသိုက်ခေတ်မီစံပြကျေးရွာ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး


23 May,2022

ပဲခူးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဖြူးမြို့နယ်၊ ငှက်ကြီးသိုက် ခေတ်မီစံပြကျေးရွာ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေများကို တာဝန်ရှိသူများက ယနေ့ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပဲခူးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးဦးမျိုးအောင်နှင့် တာဝန်ရှိသူများက ငှက်ကြီးသိုက် ခေတ်မီစံပြ ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းရန်ပုံငွေကျပ်သိန်း ၁၀၀ဖြင့် အရှည်ပေ ၁၄၆၀၊ အကျယ် ၁၂ပေ၊ထု ၉လက်မရှိသော ကျောက်ရောမြေခင်းခြင်းနှင့် အရှည်ပေ ၁၆၊ အကျယ် ၅ပေ၊ အမြင့် ၄ပေရှိသော Slab Culvert (၁)စင်းအား ဆောင်ရွက်ထားရှိမှုကို လည်းကောင်းကြည့်ရှုစစ်ဆေးပြီး ကျေးရွာရှိ ရပ်မိ၊ ရပ်ဖများ၊ ကော်မတီဝင်များနှင့် တွေ့ဆုံကာ လိုအပ်သည်များကို တိုင်းဒေသကြီးဦးစီးမှူးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်