Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မင်းလှမြို့နယ်၌ အသက်မွေးကျောင်းအထောက်အကူပြု ပန်းရန်သင်တန်းဆင်းပွဲကျင်းပ


06 Jun,2022

ပဲခူးတိုင်းဒေသကြီး မင်းလှမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အသက် မွေးဝမ်းကျောင်းအထောက်အကူပြုပန်းရန်သင်တန်းဆင်းပွဲကို ဇွန် ၃ရက်က အဆိုပါဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

          ရှေးဦးစွာ သာယာဝတီခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသန်းလွင်က အမှာစကားပြောကြားသည်။

          ဆက်လက်၍ ခရိုင်ဦးစီးမှူး၊မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက အသက်မွေးဝမ်းကျောင်း အထောက်အကူပြုပန်းရန်သင်တန်းသို့ တက်ရောက်သင်ယူခဲ့သော သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ကြောင်း သိရသည်။

          အဆိုပါ သင်တန်းဆင်းပွဲသို့ မင်းလှမြို့နယ်အတွင်းရှိ ကျေးရွာများမှ သင်တန်းသားဦးရေ ၂၀ဦးတက်ရောက်ပြီး ပန်းရန်လုပ်ငန်းနှင့်ပတ်သက်သည့် ပညာရပ်များကို သင်တန်းနည်းပြ ဆရာများက စာတွေ့၊လက်တွေ့ဖြင့် အခမဲ့သင်ကြားပို့ချပေးခဲ့ကြောင်းသိရသည်။

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်