ပေါင်၊ ဇွန် ၆
အသင်းသားတောင်သူများသို့ သွင်းအားစုဓါတ်မြေဩဇာ ဝယ်ယူပံ့ပိုးပေးနိုင်ရန် အရင်း မပျောက်မတည်ငွေများ ပေးအပ်နိုင်ရေးအတွက် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကော့ကရင်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း၌ ဇွန်လ ၄ ရက်နေ့က အရင်းမပျောက်မတည်ငွေပေးအပ်ခြင်း အခမ်းအနား ကျင်းပခဲ့သည်။
အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်သမဝါယမ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများ၊ မွန်ပြည်နယ်သမဝါယမအသင်းစုချုပ်ဉက္ကဋ္ဌ၊ ပြည်နယ်/မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အသင်းသားတောင်သူများ တက်ရောက် ခဲ့သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက အမှာစကားပြောကြားခဲ့ပြီး၊ ပြည်နယ်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်မာအေးက သွင်းအားစုဓါတ်မြေဩဇာ ပံ့ပိုး ပေးမည့်အစီအစဉ်အား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးမျိုးဆွေက ဓါတ်မြေဩဇာပံ့ပိုးငွေများကို ပေးအပ်ခဲ့ရာ အသင်းသားတောင်သူများက လက်ခံရယူသည်။
မွန်ပြည်နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် သမဝါယမအသင်း များမှ အသင်းသားပြည်သူများ လိုအပ်လျက်ရှိသည့် ဓါတ်မြေဩဇာများကို မွန်ပြည်နယ်သမဝါယမ ဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေ(ငွေလုံးငွေရင်း)မှ ခွဲဝေချထားပေး သည့် ငွေကျပ် ၄၅သန်းဖြင့် ပေါင်မြို့နယ်၊ မုဒုံမြို့နယ်နှင့် ချောင်းဆုံမြို့နယ်များရှိ အသင်းသား တောင်သူလယ်သမားများအတွက် စိုက်ပျိုးရာသီအမီ ဓါတ်မြေဩဇာများဝယ်ယူနိုင်ရေး အရင်းမပျောက် မတည်ငွေအဖြစ် ပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ပေါင်မြို့နယ်၊ ကော့ကရင်ကျေးရွာ၊ သပြေ ရောင်ခြည်စိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းမှ ပေါ်ဆန်းမွှေး၊ တောင်ပျံမွှေး၊ ရွှေဝါထွန်း စပါးများ စိုက်ပျိုးလျက်ရှိသည့် အသင်းသားတောင်သူများ၏ စပါးစိုက်ပျိုး ဧက ၁၈၀ အတွက် ငွေကျပ်သိန်း ၁၈၀ အား ထုတ်ပေးခဲ့ပြီး၊ ယခုပေးအပ်သည့် ပံ့ပိုးငွေအား အသင်းမှ အရင်းမပျောက်မတည်ငွေအဖြစ် ဆောင်ရွက်မည်ဖြစ်၍ အသင်းသားတောင်သူများမှ သီးနှံရာသီ အလိုက်သီးနှံများ ထွက်ရှိပါက အသင်းသို့ ဓါတ်မြေဩဇာဝယ်ယူမှုကုန်ကျစရိတ်များအား ပြန်လည် ပေးသွင်းစေပြီး၊ နောက်တစ်ရာသီအတွက် ထပ်မံ၍ ဓါတ်မြေဩဇာဝယ်ယူပံ့ပိုးနိုင်ရေး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
                        Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် 
               မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် 
စုံစမ်းစစ်ဆေးတွေ့ရှိချက်