Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မဲခေါင်-လန်ချန်းအထူးရန်ပုံငွေ(၂၀၂၀)ဖြင့် ဆောင်ရွက်သည့် မြန်မာနိုင်ငံနှင့် မဲခေါင်ဒေသရှိ သမဝါယမအသင်းများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စွမ်းဆောင်ရည်မြှင့်တင်စေရန်အတွက် ဖွင့်လှစ်သော စတုတ္ထအကြိမ် စာရင်းစစ်သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ


29 Mar,2022

           မဲခေါင်-လန်ချန်းအထူးရန်ပုံငွေ(၂၀၂၀)ဖြင့် ဆောင်ရွက်သည့် မြန်မာနိုင်ငံနှင့် မဲခေါင် ဒေသရှိ သမဝါယမအသင်းများဖွံ့ဖြိုးတိုးတက်စေရန်နှင့် စွမ်းဆောင်ရည်မြှင့်တင်စေရန်အတွက် ဖွင့်လှစ်သော စတုတ္ထအကြိမ် စာရင်းစစ်သင်တန်းဆင်းပွဲအခမ်းအနားကို သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ညှိနှိုင်းအစည်းအဝေးခန်းမ၌ Online  စနစ်ဖြင့် ယနေ့ နံနက် (၁၀:၃၀) နာရီတွင် ကျင်းပခဲ့ရာ သမဝါယမဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မြင့်ဝင်းကြည်နှင့် တာဝန်ရှိသူများ၊ သင်ကြားပို့ချပေးခဲ့သည့်ဆရာ၊ ဆရာမများနှင့် သင်တန်းသား/သူများ တက်ရောက် ခဲ့သည်။

           သင်တန်းဆင်းပွဲတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မြင့်ဝင်းကြည်က သင်တန်းသားများ အနေဖြင့် ယခုသင်တန်းတွင် သင်ကြားပို့ချပေးခဲ့သည့် သင်ခန်းစာများကို ကိုယ်တိုင်လေ့လာ သင်ယူခွင့်ရရှိခဲ့သည့်အတွက် အဆင့်ဆင့် ဆက်လက်မျှဝေပေးရန်၊ မိမိတို့လုပ်ငန်းခွင်များတွင်  ပြန်လည်အသုံးချပြီး ချိတ်ဆက်ဆောင်ရွက်ရန်နှင့် စဉ်ဆက်မပြတ် လေ့လာသွားရန် လိုအပ်ကြောင်း အမှာစကားပြောကြားခဲ့သည်။

           ဆက်လက်၍ သင်တန်းတွင် သင်ကြားပို့ချပေးခဲ့သော သမဝါယမဦးစီးဌာန ညွှန်ကြား ရေးမှူး (ငြိမ်း)ဦးမြင့်တင်က သင်ကြားခဲ့ရသည့်သင်ခန်းစာများကို လက်တွေ့နယ်ပယ်တွင်ပြန်လည် အသုံးချပြီး သမဝါယမလုပ်ငန်းများတွင် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားခဲ့ပြီး သင်တန်းသား/သူများကိုယ်စား သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

           အဆိုပါစာရင်းရေး၊ စာရင်းကိုင်(စတုတ္ထအကြိမ်)သင်တန်းကို Online မှတစ်ဆင့် Zoom Application ဖြင့် ကို (၂၈-၂-၂၀၂၂)မှ(၂၉-၃-၂၀၂၂)ရက်နေ့ထိ သင်တန်းသား/ သူ (၈၄)ဦးဖြင့် နံနက်(၉:၃၀) မှ နေ့လည်(၁၂:၂၀) ထိ ရက် (၂၀)ကြာ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်