Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ပျဉ်းမနားမြို့နယ် ရေဘေးသင့်နေအိမ်များ ပြန်လည်တည်ဆောက်ပေးနေမှု၊ ကျွန်းဦးစံပြကျေးရွာ ပဲလှော်ဖိုလုပ်ငန်းများ လည်ပတ်နေမှု ကြည့်ရှုစစ်ဆေး


29 Oct,2024

နေပြည်တော် အောက်တိုဘာ ၂၉

          အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ၏ အစီအစဉ် ဖြင့် နေပြည်တော်ကောင်စီနယ်မြေ၊ မြို့နယ် (၃) မြို့နယ်အတွင်းမှ ကျေးရွာ (၄) ရွာရှိ ရေဘေးသင့် နေအိမ်များအနက် အလုံးစုံပြန်လည်ပြင်ဆင်ရမည့် နေအိမ် (၃၄) လုံး၊ တစ်စိတ်တစ်ပိုင်း ပြင်ဆင် ခြင်း (၁၀) လုံး၊ စုစုပေါင်း (၄၄) လုံးကို အလှူရှင် CB Bank ဥက္ကဋ္ဌ၏ လှူဒါန်းငွေ ကျပ်သိန်း (၃၀၀၀)ဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ သက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင် ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နေ့လယ်ပိုင်းက  ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ လိုက်ပါလျက် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ ကျွန်းဦးကျေးရွာနှင့် ကွက်သစ်ကျေးရွာများသို့ သွားရောက်ကာ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ပျဉ်းမနားမြို့နယ်၊ ကျွန်းဦးခေတ်မီစံပြကျေးရွာသို့ သွားရောက်၍ ရာဂိ မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးသွားခဲ့သော ပဲကြော်ပဲလှော်ဖိုများ ပြန်လည်ပြင်ဆင်ပြီးစီးမှု၊ အသစ်တည်ဆောက်မှု၊ ကုန်ကြမ်းများ ဝယ်ယူကြိတ်ခွဲလည်ပတ်နေမှုနှင့်  အခြားသော ကုန်ထုတ်လုပ်ငန်းများဖြစ်သည့် စာလေးခွေလုပ်ငန်းနှင့် ဆီစက်လုပ်ငန်းများကို လိုက်လံ ကြည့်ရှုစစ်ဆေးကာ ပြန်လည်ပြင်ဆင်ရန်ကျန်ရှိသော ပဲကြော်ပဲလှော်ဖိုများအား အမြန် ပြုပြင် ဆောင်ရွက်သွားရန်၊ ပြင်ဆင်ပြီး ပဲကြော်ပဲလှော်ဖိုများ ယခင်ကအတိုင်း ပုံမှန်ပြန်လည်ပတ် နိုင်ရေး ပံပိုးကူညီဆောင်ရွက်ပေးရန်၊ မတည်ရင်းနှီးပေးထားသော ချေးငွေများဖြင့် ပုံမှန်လည်ပတ် နိုင်‌ရေး ဆောင်ရွက်သွားရန် မှာကြားသည်။ အဆိုပါလုပ်ငန်းများ အချိန်မီ ပြန်လည်လည်ပတ် ထုတ်လုပ်နိုင်ရေးအတွက် တန်ဖိုးမြှင့်ကုန်ထုတ်သမဝါယမအသင်းများ ဖွဲ့စည်းခဲ့ပြီး သမဝါယမဦးစီး ဌာနက ပြီးခဲ့သည့် အောက်တိုဘာလ (၅) ရက်နေ့တွင် ငွေကျပ်သိန်း (၁၄၅၀) ကို သက်သာသော အတိုးနှုန်းဖြင့် ကူညီပံ့ပိုးပေးခဲ့ရာ ဒေသခံလုပ်သားများ မှီခိုအားထားနေသည့် ပဲကြော်ပဲလှော်ဖို (၄၆) ဖိုအနေဖြင့် ရာနှုန်းပြည့် ပြန်လည်လည်ပတ်နေပြီ ဖြစ်သည်။

          ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ကျွန်းဦးကျေးရွာအတွင်း၌ ရေဘေးသင့်၍ အလုံးစုံ ပျက်စီးသွားသော နေအိမ်များ ပြန်လည်တည်ဆောက်ပေးနေမှု၊ တစ်စိတ်စတ်ပိုင်း ပျက်စီးသွားသော နေအိမ်များ ပြန်လည်ပြင်ဆင်တည်ဆောက်ပေးနေမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူ များအား လိုအပ်သည်များ မှာကြားခဲ့သည်။

          ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပျဉ်းမနားမြို့နယ်၊ ကွက်သစ်ကျေးရွာသို့ သွားရောက်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပြန်လည်တည်ဆောက်ပေးနေ သော အလုံးစုံပျက်စီးသွားသည့် ဒေါ်စုလှိုင်နှင်း၏ နေအိမ်ကိုလည်းကောင်း၊ တစ်စိတ်တစ်ပိုင်း ပျက်စီး၍ ပြန်လည်ပြုပြင်တည်ဆောက်ပေးနေသည့် ဦးမဲ၏နေအိမ်ကိုလည်းကောင်း ကြည့်ရှုစစ်ဆေး ခဲ့သည်။ ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်ကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများ သတ်မှတ်စံချိန် စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး တွန်းအားပေးဆောင်ရွက်သွားရန်၊ နေအိမ်အသစ်ပြန်လည် တည်ဆောက်ပေးရာတွင် မြေပိုင်ဆိုင်မှု ခိုင်မာမှုရှိစေရေး၊ ကျူးကျော် မြေများ၊ လယ်မြေ၊ ယာမြေများ မဖြစ်စေရေး အလေးထားဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်