ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်းကို ကျေးရွာအခြေခံအဆောက်အအုံများ ဖွံ့ဖြိုးစေ ခြင်း၊ သွင်းအားစု၊ ငွေကြေးဝန်ဆောင်မှုနှင့် နည်းပညာများပံ့ပိုးပေးခြင်း၊ ကျေးရွာသူ/ သားများနှင့် ကျေးရွာအသင်းအဖွဲ့များ စွမ်းဆောင်ရည်မြင့်မားလာစေခြင်းဖြင့် စဉ်ဆက်မပြတ် ကျေးလက်ဖွံ့ဖြိုးမှု ကိုဖော်ဆောင်ရန်၊ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိသော နေချင့်စဖွယ် စံပြကျေးရွာများ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ကျေးရွာအခြေခံအဆောက်အအုံဖွံ့ဖြိုးရေးက၊ သွင်းအားစုနှင့် ငွေကြေး ဝန်ဆောင်မှုက၊ အသက်မွေးဝမ်းကျောင်းနှင့် ကျေးလက်စီးပွားမြင့်မားရေးက၊ အသင်းအဖွဲ့ ခိုင်မာအားကောင်းစေခြင်းနှင့် နည်းပညာဖြန့်ဖြူးခြင်းက၊ လူမှုကာကွယ်စောင့်ရှောက်ရေး ကနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကစသည့် က (၆) ရပ်ဖြင့် ဆောင်ရွက်လျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ကျေးရွာ (၈၅)ရွာ၌ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး အစီရင်ခံသည့်ကာလတွင် ဖွံ့ဖြိုးရေးလုပ်ငန်းပေါင်း (၂၈၅) ခုကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည့်အနက် ဆောင်ရွက်ပြီးလုပ်ငန်း (၂၇၈)ခု၊ ဆောင်ရွက်ဆဲ လုပ်ငန်း (၆)ခု၊ ဆောင်ရွက်ရန်ကျန် (၁)ခု ဖြစ်ပါသည်။
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်