Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

( ဒ ) သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်၊ စစ်ကိုင်း) ဖွင့်လှစ် ဆောင်ရွက်နိုင်မှု

          သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် သန်လျင်နှင့် စစ်ကိုင်းတို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်နှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ သင်တန်းနှစ်အသီးသီးအား ဖွင့်လှစ်သင်ကြားလျက်ရှိရာ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)၌ ကျောင်းသား/ ကျောင်းသူစုစုပေါင်း (၁၇၀၅) ဦးနှင့် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း)၌ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၁၃၆၇)ဦး တက်ရောက် သင်ကြားလျက်ရှိပါသည်။

          သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)တွင် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရန်၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျောင်းသား/သူများ ဥပဒေဆိုင်ရာ အသိပညာများတိုးပွားစေရန်တို့ကို ရည်ရွယ်၍ “Seminar on Intellectual Property Rights, Research and Universities” ကို ၁၈-၂-၂၀၂၅ ရက်တွင်လည်းကောင်း၊ “လူငယ်နှင့် ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး အသိပညာပေးဟောပြောပွဲ” ကို ၂၀-၂-၂၀၂၅ ရက်တွင် လည်းကောင်း၊ “UCMT CAREER FAIR 2025” ကို ၂၅-၂-၂၀၂၅ ရက်တွင်လည်းကောင်း ကျင်းပပြုလုပ်ခဲ့ပါသည်။

          သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း)တွင် တက္ကသိုလ်တည်ထောင်သည့် (၁၃) ကြိမ်မြောက် သုတေသနစာတမ်းဖတ်ပွဲ အခမ်းအနားကို ၆-၂-၂၀၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး စာတမ်းရှင်(၁၃)ဦးမှ သုတေသနစာတမ်း (၁၃)စောင် ဖတ်ကြားခဲ့ပါသည်။

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်