ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်းကို ကျေးရွာအခြေခံအဆောက်အအုံများဖွံ့ဖြိုး စေခြင်း၊ သွင်းအားစု၊ ငွေကြေးဝန်ဆောင်မှုနှင့် နည်းပညာများပံ့ပိုးပေးခြင်း၊ ကျေးရွာသူ/သားများနှင့် ကျေးရွာအသင်းအဖွဲ့များ စွမ်းဆောင်ရည်မြင့်မားလာစေခြင်းဖြင့် စဉ်ဆက်မပြတ်ကျေးလက်ဖွံ့ဖြိုးမှုကို ဖော်ဆောင်ရန်၊ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိသော နေချင့်စဖွယ်စံပြကျေးရွာများ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ကျေးရွာအခြေခံအဆောက်အအုံဖွံ့ဖြိုးရေးက၊ သွင်းအားစုနှင့်ငွေကြေး ဝန်ဆောင်မှုက၊ အသက်မွေးဝမ်းကျောင်းနှင့် ကျေးလက်စီးပွားမြင့်မားရေးက၊ အသင်းအဖွဲ့ခိုင်မာ အားကောင်းစေခြင်းနှင့် နည်းပညာဖြန့်ဖြူးခြင်းက၊ လူမှုကာကွယ်စောင့်ရှောက်ရေးကနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကစသည့် က(၆)ရပ်ဖြင့် ဆောင်ရွက်ခဲ့ရာ စီမံကိန်းစတင်သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျေးရွာ(၄၃)ရွာနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် တိုးချဲ့ဆောင်ရွက်သည့် ကျေးရွာ(၄၅)ရွာ၊ စုစုပေါင်းကျေးရွာ(၈၈)ရွာ၌ အစီရင်ခံသည့်ကာလတွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း ပေါင်း(၁၆၄၃)ခုကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ဆောင်ရွက်ပြီးလုပ်ငန်း (၁၃၅၅)ခု၊ ဆောင်ရွက်ဆဲလုပ်ငန်း (၂၁၅)ခု၊ ဆောင်ရွက်ရန်ကျန် (၇၃)ခု ဖြစ်ပါသည်။
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်