Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(ခ) ပညာပေးခြင်း

 သမဝါယမဦးစီးဌာနမှသမဝါယမပညာပေးရေးလုပ်ငန်းများကို အောက်ပါအတိုင်းဆောင်ရွက် လျက်ရှိပါသည် -

(က) သမဝါယမဦးစီးဌာနအဆင့်ဆင့်ရှိဝန်ထမ်းများအားပညာပေးခြင်း 

သမဝါယမ အသင်းအဆင့်ဆင့်အား ထိန်းကျောင်းတည့်မတ်ရာတွင် သမဝါယမ အသင်းနည်းဥပဒေ၊ အပိုဒ်(၆၆)၌ သမဝါယမအသင်းများ၏စာရင်းများကို (၁)နှစ်လျှင် အနည်းဆုံး (၁)ကြိမ် စစ်ဆေးရာတွင် သက်ဆိုင်ရာသမဝါယမဦးစီးဌာနမှ စာရင်းစစ် ဖြင့်ဖြစ်စေ၊ အစိုးရ အသိအမှတ်ပြု စာရင်းကျွမ်းကျင်သူ (သို့မဟုတ်) အဖွဲ့ဖြင့်ဖြစ်စေ သက်ဆိုင်ရာသမဝါယမအသင်း၏ဆန္ဒနှင့်အညီ အသင်းစာရင်းများကို စစ်ဆေးရမည် ဟု ပြဋ္ဌာန်းဖော်ပြပါရှိထားသည့်အတိုင်း သမဝါယမဦးစီးဌာနဝန်ထမ်းများအနေဖြင့် စာရင်းစစ်ဆေးခြင်း အရည်အချင်းများနှင့်ပြည့်စုံနေရမည်ဖြစ်သည့်အတွက် လိုအပ် သော စာရင်းရေးစာရင်းကိုင်ပညာ၊စာရင်းစစ်ပညာများ၊ ကွန်ပျူတာနည်းပညာစသည့် ဘာသာရပ်တို့ကို နှစ်စဉ်သမဝါယမတက္ကသိုလ်/ကောလိပ်များ၊ သမဝါယမစာရင်းရေး၊ စာရင်းကိုင်နှင့် သက်မွေးပညာသင်တန်းကျောင်း သမဝါယမဦးစီးဌာန အဆင့်ဆင့်တို့တွင် စွမ်းဆောင်ရည်မြှင့်တင်ပေးရေးသင်တန်းများ ပို့ချဖွင့်လှစ်ပေး လျက် ရှိပါသည်။ အလားတူ သမဝါယမဦးစီးဌာနဝန်ထမ်းများအား ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှဖွင့်လှစ်သောအခြေခံအဆင့်၊ အလယ်အလတ်အဆင့်နှင့် အဆင့်မြင့် စာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်းများကိုလည်း တက်ရောက်သင်ကြား စေခြင်းဖြင့် စာရင်းရေးစာရင်းကိုင်နှင့်စာရင်းစစ်ဆေးခြင်းလုပ်ငန်းများကို ကျွမ်းကျင် စေရန် ဆောင်ရွက်လျက်ရှိပါသည်။ သမဝါယမတက္ကသိုလ်/ကောလိပ်များ၊ သမဝါယမ စာရင်းရေးစာရင်းကိုင်နှင့် သက်မွေးပညာသင်တန်းကျောင်းများ၊ တိုင်းဒေသကြီး/ ပြည်နယ်/ မြို့နယ်သမဝါယမဦးစီးဌာနများတွင် သမဝါယမပညာပေး ခြင်း လုပ်ငန်းများကို ကျွမ်းကျင်စေရန်ဆောင်ရွက်လျက်ရှိပါသည်။

(ခ) သမဝါယမအသင်းအဆင့်ဆင့်ရှိအမှုဆောင်၊ဒါရိုက်တာ၊အဖွဲ့ဝင်များနှင့်အသင်း ဝန်ထမ်း များအား ပညာပေးခြင်း   

သမဝါယမအသင်းအဆင့်ဆင့်ရှိ အမှုဆောင်၊ ဒါရိုက်တာအဖွဲ့ဝင်များနှင့် အသင်းဝန်ထမ်း များကိုအသင်း၏စာရင်းဇယားများကိုယ်တိုင်ရေးဆွဲတတ်စေရန်၊ အသင်းစီမံအုပ်ချုပ်မှု နည်းပညာများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်းများ၊ ချေးငွေဆောင်ရွက်ပုံ နည်းလမ်းများ၊ သမဝါယမစာရင်းရေး/စာရင်းကိုင်ဘာသာရပ်များကို သမဝါယမတက္ကသိုလ်/ ကောလိပ် များ၊ သမဝါယမ စာရင်းရေးစာရင်းကိုင်နှင့် သက်မွေးပညာသင်တန်းကျောင်းများနှင့် တိုင်းဒေသကြီး/ပြည်နယ်၊ မြို့နယ်သမဝါယမဦးစီးဌာနအဆင့်ဆင့် တို့တွင်လုပ်ငန်းခွင်ပညာပေးသင်တန်းများ၊အသင်းသားစာရင်းစစ်သင်တန်း၊ ကွင်းဆင်း နည်းပေးလမ်းပြသင်တန်းများ၊အမှုဆောင်/ဒါရိုက်တာ(ရက်တို)ဆွေးနွေးပွဲ၊ သမဝါယမ ဆွေးနွေးပွဲများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ သမဝါယမပညာ၊ စီးပွားရေးပညာ နှင့်ဈေးကွက်ချိတ်ဆက်မှုပညာရပ်များကို နိုင်ငံတကာအဖွဲ့.အစည်းများနှင့် ချိတ်ဆက် ၍ ကာလတို သင်တန်းများကိုလည်း ဖွင့်လှစ်ပို့ချဆောင်ရွက်လျက်ရှိပါသည်။

(ဂ) သမဝါယမအသင်းသားပြည်သူများအား ပညာပေးခြင်း 

သမဝါယမပညာပြန့်ပွားရေးလုပ်ငန်းများ (လူထုပညာပေးရေး)အနေဖြင့်  သတင်းစာ၊ စာစောင်၊ ဟောပြောပွဲ၊ ကြော်ငြာ၊ TV /Radio များတွင် ရေးသားထုတ်လွှင့်ခြင်း၊ ဦးစီးဌာနမှ ကျေးရွာ၊ရပ်ကွက်များထိ ကွင်းဆင်းရာတွင် သမဝါယမလုပ်ငန်းများနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းပညာပေးမှုများ ဆောင်ရွက်ပေးလျက်ရှိပါသည်။

 ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဧပြီလမှ မတ်လထိ  သမဝါယမဦးစီးဌာနဝန်ထမ်းများအတွက် ဖွင့်လှစ်ပို့ချသွားမည့် သင်တန်းများ

 

စဉ် သင်တန်းအမည် သင်တန်း
ကာလ
လျာထား ဖွင့်လှစ်ပြီးစီးမှု (၃၁-၅-၂၀၂၆)ထိ သင်တန်းသားအဆင့် ဖွင့်လှစ်မည့်နေရာ
ကြိမ်ရေ ဦးရေ ကြိမ်ရေ ဦးရေ

ဆရာ/ဆရာမများ စွမ်းဆောင်ရည်

မြှင့်တင်ရေးနှင့် သင်ကြားမှု နည်းပညာသင်တန်း

၁၀ ရက် ၁ကြိမ် ၆၇ဦး 30 CAVTC ကျောင်းများရှိ
ဆရာ၊ ဆရာမများ
သမဝါယမကောလိပ်
(မန္တလေး/ဖောင်ကြီး)
သမဝါယမကဏ္ဍရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့် နည်းလမ်းများနှင့် လုပ်ငန်းခွင်စီမံခန့်ခွဲမှုသင်တန်း ၁၀ ရက် ၁ကြိမ် ၇၀ဦး - - ဦးစီးအရာရှိနှင့် ဦးစီးမှူးများ ညွှန်ကြားရေးမှူးချုပ်ရုံး
သမဝါယမလုပ်ငန်းများ အောင်မြင်စေရန်အတွက် စဉ်ဆက်မပြတ် ဆောင်ရွက်မည့် နည်းလမ်းများ ဆွေးနွေးပို့ခြင်းသင်တန်း ၅ ရက် ၁ကြိမ် ၁၅ဦး   - တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများ ညွှန်ကြားရေးမှူးချုပ်ရုံး
အခမ်းနားမှူးသင်တန်း ၅ ရက် ၁ကြိမ် ၂၀ဦး - - အရာထမ်း၊ အမှုထမ်းဝန်ထမ်းများ ညွှန်ကြားရေးမှူးချုပ်ရုံး
Training on News Writing, Photography, and Video Editing ၅ ရက် ၁ကြိမ် ၂၀ဦး     အရာထမ်း၊ အမှုထမ်းဝန်ထမ်းများ ညွှန်ကြားရေးမှူးချုပ်ရုံး
အခြေခံကွန်ပျူတာသင်တန်း ၁လ ၄ကြိမ် ၂၈ဦး အရာထမ်း၊ အမှုထမ်းဝန်ထမ်းများ ညွှန်ကြားရေးမှူးချုပ်ရုံး
စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ၁၀ ရက် ၁၀ကြိမ် ၃၀၀ဦး ၅၁ အရာထမ်း၊ အမှုထမ်းဝန်ထမ်းများ တိုင်းဒေသကြီး/ပြည်နယ်သမဝါယမ ဦးစီးဌာန
အခြေခံရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း(အမှုထမ်း) ၁၀ ရက် ၁ကြိမ် ၂၀၀ဦး - - အမှုထမ်းဝန်ထမ်းများ CAVTC schools
PFP Web Portal အသုံးပြုနည်းသင်တန်း ၁ ရက် - - ၁၉ အရာထမ်း၊ အမှုထမ်းထမ်းဝန်ထမ်းများ ညွှန်ကြားရေးမှူးချုပ်ရုံး
  စုစုပေါင်း   ၂၀ကြိမ် ၇၂၀ဦး ၁၀၈    
ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်