Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးသိုက်စိုးရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်ဖွံ့ဖြိုးရေး ကွင်းဆင်းဆောင်ရွက်


07 Sep,2026

နေပြည်တော် စက်တင်ဘာ ၇

          သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသိုက်စိုးသည် ယနေ့နံနက် ပိုင်းက တာဝန်ရှိသူများလိုက်ပါလျက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ ဝက်သကင် ကျေးရွာသို့ သွားရောက်၍ မန္တလေးငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အင်းလေးဒေသအတွင်း မှ ကေလာကျေးရွာ အပါအဝင် ကျေးရွာ (၃) ရွာ သောက်သုံးရေရရှိရေးအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပေ (၄၆၀) စက်ရေတွင်းတူးခြင်း၊ ရေဂါလံ (၁၀၀၀၀) ဆံ့ ရေစုကန် တည်ဆောက်ခြင်း၊ အရှည် ၂ မိုင် ၇ ဖာလုံရှိ ၄ လက်မ HDPE ပိုက် သွယ်တန်းခြင်း ဆောင်ရွက်ထားမှု ကိုလည်းကောင်း၊ ကေလာကျေးရွာသို့ သွားရောက်၍ ၁ နာရီလျင် သောက်ရေသန့် (၂၀၀၀) လီတာ သန့်စင်နိုင်သည့် R.O ရေသန့်စက် တပ်ဆင်၍ သောက်သုံးရေဖြန့်ဝေပေးနေမှုကိုလည်းကောင်း ကြည့် ရှုစစ်ဆေးရာ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြ ကြသည်။

          ဆက်လက်၍ ဒုတိယဝန်ကြီးသည် ကျေးရွာသူကျေးရွာသားများနှင့် တွေ့ဆုံ၍ နိုင်ငံတော် အစိုးရ၏ လမ်းညွှန်ချက်များနှင့်အညီ ဝန်ကြီးဌာနမှအကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိ သည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ၊ သမဝါယမစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိန်းရေးအတွက် အင်းလေးကန်အတွင်း Bio Septic Tank များ ဆောင် ရွက်ပေးမှုများ၊ မိသားစုဝင်ငွေတိုးရေးလုပ်ငန်းဆိုင်ရာများကို ရှင်းလင်းပြောကြားပြီး ဖွံ့ဖြိုးရေးတင်ပြ ချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

          ထိုမှတဆင့် ဒုတိယဝန်ကြီးသည် အင်းပေါခုံ စံပြကျေးရွာသို့ သွားရောက်၍ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန၏ နည်းပညာပံ့ပိုးမှုဖြင့် ဆောင်ရွက်နေသည့် ကိုသန်းလှိုင် ကြာချည်ထည် ထုတ်လုပ်ရေးလုပ်ငန်းမှ ကြာချည်ရက်လုပ်နေမှု၊ ဆိုးဆေးဆောင်ရွက်နေမှုနှင့် ကြာချည်ထည် အရောင်းပြခန်းတို့အား ကြည့်ရှုအားပေးခဲ့သည်။ ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်း RBF စီမံကိန်း ရန်ပုံငွေရယူ၍ ရက်ကန်းလုပ်ငန်း ဆောင်ရွက်နေကြသူများအား တွေ့ဆုံအားပေးစကားပြောကြားသည်။ 

          ထို့နောက် ဒုတိယဝန်ကြီးသည် ကုန်းခြံအောက်ကျေးရွာသို့ သွားရောက်၍ ညောင်ရွှေမြို့နယ် အတွင်းမှ မြပုလဲ စိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေးသမဝါယမအသင်း၊ ရွှေမင်းသား စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်း၊ ရောင်နီဦး လယ်ယာနှင့်အထွေထွေစီးပွားရေးသမဝါယမ အသင်းမှ မိုးစပါးစိုက် အသင်းသားတောင်သူများနှင့် တွေ့ဆုံခဲ့ရာ သမဝါယမဦးစီးဌာန၊ ပြည်နယ်ဦးစီး မှူးနှင့် မြို့နယ်ဦးစီးမှူးတို့က လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြသည်။

          ယင်းနောက် ဒုတိယဝန်ကြီးက နိုင်ငံစီးပွားမြှင့်တင်ရေးစီမံကိန်း၊ သက်တံရောင်သမဝါယမ စီမံကိန်းတို့ဖြင့် သမဝါယမအသင်းသား တောင်သူများအတွက် မျိုး၊ သွင်းအားစု၊ ပိုးသတ်ဆေး၊ ပေါင်း သတ်ဆေးများအား သီးနှံပေါ်ပေးစနစ်ဖြင့် ထောက်ပံ့ပေးမှုများ၊ စနစ်ကျသော သမဝါယမစိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ ဖြစ်စေရေး၊ သဘာဝမြေဩဇာများ ရောနှောအသုံးပြု၍ ပန်းတိုင်အထွက်နှုန်း ရရှိအောင် ကြိုးပမ်းစိုက်ပျိုးကြရေး တိုက်တွန်းမှာကြားသည်။

          ဆက်လက်၍ ဒုတိယဝန်ကြီးသည် အသင်းသားတောင်သူများ၏ စိုက်ပျိုးရေးနှင့် ဖွံ့ဖြိုးရေး တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်