Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(က) ဖွဲ့စည်းခြင်း

သမဝါယမအသင်းများဖွဲ့စည်းမှုနှင့်အသင်းဖွဲ့စည်းရန်လိုအပ်ချက်များ

၁၉၉၂ခုနှစ်၊ သမဝါယမအသင်းဥပဒေပါ အခြေခံမူများနှင့်အညီ မိမိတို့ဆန္ဒအလျောက် အသင်းသားများ စုစည်း၍ ထုတ်လုပ်မှုသမဝါယမအသင်းများ၊ ဝန်ဆောင်မှုသမဝါယမအသင်းများ၊ ကုန်သွယ်မှုသမဝါယမအသင်းများ၊ အထွေထွေသမဝါယမအသင်းများ ဖွဲ့စည်းဆောင်ရွက်လျက်ရှိ ပါသည်။

၁၉၉၂ခုနှစ်၊ သမဝါယမအသင်းဥပဒေနှင့်အညီ အခြေခံသမဝါယမအသင်းကို အနည်းဆုံး ပုဂ္ဂိုလ် (၅)ဦးဖြင့် လည်းကောင်း၊ အခြေခံသမဝါယမအသင်း အနည်းဆုံး(၃)သင်းကို စုပေါင်း၍ သမဝါယမအသင်းစုကိုလည်းကောင်း၊ အသင်းစုများပါဝင်သည့် အသင်းစုချုပ်ကိုလည်းကောင်း၊ အသင်းစုနှင့် အသင်းစုချုပ်များပါဝင်သည့် ဗဟိုသမဝါယမအသင်းကိုလည်းကောင်း ဖွဲ့စည်းထားရာ (၃၁-၇-၂၀၂၆) ရက်နေ့အထိ အသင်းစုစုပေါင်း (၃၈၇၆၅)သင်းဖြစ်ပြီး ဖွဲ့စည်းပုံမှာ အောက်ပါ အတိုင်းဖြစ်ပါသည်-

သမဝါယမအသင်းအဆင့်ဆင့်ဖွဲ့စည်းမှု

(၃၁.၇.၂၀၂၆)

စဉ်

အသင်းအမျိုးအစား

အသင်း

ဦးရေ

အသင်းဝင်/ အသင်းသား

ဦးရေ

အစုငွေ

(ကျပ်သန်း)

ဗဟိုသမဝါယမအသင်း

၄၆၁

၁၄၀၁.၇၅၁

သမဝါယမအသင်းစုချုပ်

၂၂

၅၁၅

၁၅၅၅.၃၁၇

သမဝါယမအသင်းစု

၄၄၉

၂၀၂၂၁

၃၁၂၁.၀၄၀၅

အခြေခံသမဝါယမအသင်း

၃၈၂၉၃

၄၁၉၀၂၆၂

၇၉၅၈၁.၀၆၀၈၆၉

 

          ပေါင်း

၃၈၇၆၅

၂၁၁၉၇/

၄၁၉၀၂၆၂

၈၅၆၅၉.၁၆၉၃၆၉

ကဏ္ဍအလိုက်သမဝါယမအသင်းများဖွဲ့စည်းမှု

(၃၁.၇.၂၀၂၆)

စဉ်

ကဏ္ဍ

အရေအတွက်

မှတ်ချက်

ထုတ်လုပ်မှု

၃၂၀၂၄

 

ဝန်ဆောင်မှု

၃၅၅၅

 

ကုန်သွယ်မှု

၃၁၈၆

 

 

         ပေါင်း

၃၈၇၆၅

 

တိုင်းဒေသကြီး/ပြည်နယ်အလိုက်အသင်းဖွဲ့စည်းမှု

(၃၁.၇.၂၀၂၆)

စဉ်

တိုင်းဒေသကြီး/ ပြည်နယ်

ဗဟိုအသင်း

အသင်းစုချုပ်

အသင်းစု

အခြေခံ အသင်း

စုစုပေါင်း

နေပြည်တော်

 

၁၆

၆၇၁

၆၈၈

ကချင်

 

၁၂

၈၀၅

၈၁၈

ကယား

 

၃၁၀

၃၁၈

ကရင်

 

၁၃

၄၈၃

၄၉၇

ချင်း

 

၁၅

၆၀၈

၆၂၄

စစ်ကိုင်း

 

၄၈

၅၂၅၁

၅၃၀၀

တနင်္သာရီ

 

၁၄

၅၀၆

၅၂၁

ပဲခူး

 

၃၉

၆၆၅၄

၆၆၉၄

မကွေး

 

၃၈

၅၃၄၃

၅၃၈၂

၁၀

မန္တလေး

 

၃၉

၄၇၃၈

၄၇၇၈

၁၁

မွန်

 

၁၀

၆၃၁

၆၄၂

၁၂

ရခိုင်

 

၂၁

၁၂၁၂

၁၂၃၄

၁၃

ရန်ကုန်

၇၂

၂၄၅၂

၂၅၃၂

၁၄

ရှမ်း

 

၄၀

၂၀၆၆

၂၁၀၈

၁၅

ဧရာဝတီ

 

၆၅

၆၅၆၃

၆၆၂၉

 

စုစုပေါင်း

၂၂

၄၄၉

၃၈၂၉၃

၃၈၇၆၅

အခြေခံသမဝါယမအသင်းတစ်သင်း ဖွဲ့စည်းလိုပါက အောက်ပါအချက်များပါရှိရပါမည်-

(က) အသင်းသားတစ်ဦးချင်း၏ လျှောက်လွှာ
( ခ) အသင်းသားများ၏ အစုထည့်ဝင်မှုစာရင်း
( ဂ) အသင်းသားကိုယ်စားလှယ်တစ်ဦးမှ အသင်းဖွဲ့စည်းလိုကြောင်းကို ဦးစီးအရာရှိ၊ မြို့နယ်သမဝါယမဦးစီးဌာနသို့ တင်ပြစာ
(ဃ) အသင်းစည်းကမ်း
( င) အမှုဆောင်လျာထားစာရင်း

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ဒုတိယကာလတို(၅)နှစ် လယ်ယာ ကဏ္ဍ၊ မူဝါဒ၊ ရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် သမဝါယမဦးစီးဌာနအနေဖြင့် သမဝါယမလုပ်ငန်း များနှင့် သမဝါယမစနစ်ဖွံ့ဖြိုးရေး ဆိုင်ရာမူဝါဒ(၅)ရပ်နှင့် လုပ်ငန်းစဉ်(၉)ရပ်တို့ကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး သမဝါယမအသင်းများနှင့် ညှိနှိုင်းပေါင်းစပ်၍ လုပ်ငန်းအစီအမံ(၈)ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်

ကျေးလက်နေပြည်သူများနှင့်မြို့ပြနေအခြေခံပြည်သူများ၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး အတွက် သမဝါယမစနစ်ဖြင့် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြု ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီး/ပြည်နယ်(၁၅)ခု၊ မြို့နယ်(၃၀၈)မြို့နယ်ရှိ သမဝါယမအသင်း(၃၈၇၆၅) သင်းမှ အသင်းသား ပေါင်း (၄.၂)သန်းခန့်ဖြင့် ဖွဲ့စည်းထားရှိပါသည်။

 
ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်