Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(ဂ) ထိန်းကျောင်းတည့်မတ်ခြင်း

ထိန်းကျောင်းတည့်မတ်ခြင်း

သမဝါယမဦးစီးဌာန၏ ထိန်းကျောင်းတည့်မတ်ရေးလုပ်ငန်းဆောင်ရွက်မှု

သမဝါယမဦးစီးဌာနအနေဖြင့် ထိန်းကျောင်းတည့်မတ်ရေးလုပ်ငန်းများကို အောက်ပါအတိုင်း ဆောင်ရွက်လျက်ရှိပါသည် -

(က) အသင်းစည်းကမ်းတွင် ပြဌာန်းထားသော စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း ရှိ/မရှိ၊
( ခ ) သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ခြင်း ရှိ/မရှိ၊
( ဂ ) ဦးစီးဌာနကထုတ်ပြန်ထားသောအမိန့်၊ညွှန်ကြားချက်များအတိုင်းလိုက်နာဆောင်ရွက် ခြင်း ရှိ/မရှိ၊
(ဃ) နှစ်စဉ်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ကျင်းပနိုင် ခြင်း ရှိ/မရှိ၊
(င) သာမန်နှင့်နှစ်ချုပ်စာရင်းများ အစစ်ဆေးခံနိုင်ခြင်းရှိ/မရှိ၊ စစ်ဆေးချက်အပေါ်လိုက်နာ မှု ရှိ/မရှိ။

သမဝါယမအသင်းနည်းဥပဒေ(၆၆)အရ သမဝါယမအသင်းများ၏စာရင်းများကို တစ်နှစ်လျှင် အနည်းဆုံးသမဝါယမဦးစီးဌာနမှ စာရင်းစစ်အဖွဲ့ဖြင့်ဖြစ်စေ၊ စာရင်းကျွမ်းကျင်သူအဖွဲ့ဖြင့်ဖြစ်စေ သက်ဆိုင်ရာသမဝါယမအသင်း၏ဆန္ဒနှင့်အညီ စစ်ဆေးရပါသည်။ အဆိုပါစစ်ဆေးချက် အစီရင်ခံစာ ကိုအသင်း၏ အရပ်ရပ်ဆိုင်ရာအစည်းအဝေးတွင်တင်ပြ၍ အတည်ပြုရပါသည်။ သမဝါယမအသင်း နည်းဥပဒေ(၆၈)အရ သမဝါယမအသင်း၏စာရင်းများကိုစစ်ဆေးရာတွင် (၆)လတစ်ကြိမ် သာမန် စစ်ဆေးပြီးနှစ်ကုန်သည့်အခါ နှစ်ချုပ်စာရင်းများ စစ်ဆေးရပါသည်။စာရင်းစစ်ဆေးချက် အစီရင်ခံစာ များကိုသက်ဆိုင်ရာသမဝါယမဦးစီးဌာနသို့ပေးပို့၍အတည်ပြုရပါသည်။ သမဝါယမအသင်းနည်းဥပဒေ (၆၉)အရ အသင်း၏အကျိုးစီးပွားအတွက် အသင်းသား (သို့မဟုတ်) အသင်းဝင်တစ်ဦးဦးက အသင်း အပေါ်မကျေနပ်၍ တိုင်ကြားလာလျှင် ယင်းတိုင်ကြားချက်ကို အခြေအမြစ်ရှိသည်ဟု ယူဆပါက သက်ဆိုင်ရာတစ်ဆင့်မြှင့် သမဝါယမဦးစီးဌာနနှင့် အသင်းအဆင့်ဆင့်တို့မှ ကိုယ်စားလှယ်များ ပါဝင် သောအဖွဲ့ဖွဲ့စည်း၍ သမဝါယမအသင်း၏စာရင်းများကို စစ်ဆေးရမည်ဟု ပြဋ္ဌာန်းထားရှိချက်နှင့် အညီ စစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။


သမဝါယမအသင်းအဆင့်ဆင့်၏ ထိန်းကျောင်းတည့်မတ်ရေးလုပ်ငန်းဆောင်ရွက်မှု အသင်းတွင်းကြီးကြပ်ကွပ်ကဲမှု

အသင်းဥပဒေပါ အသင်း၏အခြေခံမူများတွင် သမဝါယမအသင်းများ၌ အသင်း၏လုပ်ငန်း အရပ်ရပ်ကို အများ၏ဆန္ဒဖြင့်သာ စီမံခန့်ခွဲရန်၊ ပုဒ်မခွဲ(ဃ)တွင် အသင်း၏လုပ်ငန်းမှ ထွက်ပေါ် လာသည့် အသားတင်အမြတ်ငွေများကို အသင်းသားများ၏ ဆုံးဖြတ်ချက်ဖြင့် ခွဲဝေရန်ဟု ပြဋ္ဌာန်း ဖော်ပြပါရှိပါသည်။ ထို့ပြင် နည်းဥပဒေအပိုဒ်-၃၉(က)အရ အမှုဆောင်အဖွဲ့ အစည်းအဝေးများကို တစ်လတစ်ကြိမ်ထက်မနည်း ကျင်းပပြုလုပ်နိုင်ပြီး အသင်း၏ လုပ်ငန်းကိစ္စများကို အမှုဆောင် အဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်များဖြင့် ဆောင်ရွက်ရပါသည်။ လုပ်ငန်းတာဝန်ခံများ ခန့်အပ်ခြင်း၊ အမှုဆောင်အဖွဲ့အား တစ်ဦးချင်းကိုယ်စီတာဝန်ခွဲဝေသတ်မှတ်ခြင်းများကိုလည်း အမှုဆောင်အဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်ဖြင့်သာဆောင်ရွက်ကြရပါသည်။ အလားတူသမဝါယမအသင်း နည်းဥပဒေ အပိုဒ် (၃၅)(က)တွင် ပြဋ္ဌာန်းထားချက်အရ ဘဏ္ဍာရေးနှစ် အလိုက် နှစ်စဉ်ပုံမှန်ကျင်းပပြုလုပ်ရမည့် အသင်း၏အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို အသင်းဥပဒေ၊နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ နှင့်အညီကျင်းပပြုလုပ်ပြီး နည်းဥပဒေအပိုဒ်-၇၀(က) အရ အသင်း၏ကိစ္စအဝဝကို အပြီးသတ် ဆုံးဖြတ်ကြရပါသည်။ သမဝါယမအသင်းနည်းဥပဒေ အပိုဒ်-၆၇ အရ သမဝါယမအသင်း၏ စာရင်း များကို ရေးသွင်းခြင်း၊ နှစ်ချုပ်စာရင်းများ ရေးဆွဲခြင်း၊ အသင်းစာရင်းစစ်အဖွဲ့က စာရင်းများကို စစ်ဆေးပြီး အမှုဆောင်အဖွဲ့ထံ တင်ပြခြင်းများကိုလည်း ဆောင်ရွက်ရပါသည်။


အသင်းအဆင့်ဆင့်ကြီးကြပ်ကွပ်ကဲမှု

အသင်းစုချုပ်များကို ဗဟိုသမဝါယမအသင်းကလည်းကောင်း၊ အသင်းစုများကို သက်ဆိုင်ရာ အသင်းစုချုပ်များကလည်းကောင်း၊အခြေခံအသင်းများကိုသက်ဆိုင်ရာ အသင်းစုများကလည်းကောင်း အသင်းအဆင့်ဆင့်အလိုက် အောက်ပါအချက်များကို ကြီးကြပ်ကွပ်ကဲလျက်ရှိပါသည် -

(က) နှစ်စဉ်အရပ်ရပ်ဆိုင်ရာအစည်းအဝေးများ ပြုလုပ်နိုင်ခြင်း ရှိ/မရှိ၊
( ခ ) ကာလလွန်ကြွေးကျန်ငွေများ ရှိ/မရှိ၊
( ဂ ) အသင်း၏ဘဏ္ဍာရေးအခြေအနေသုံးသပ်ချက်အရ ဝင်ငွေနှင့်အသုံးစရိတ် အချိုးများ၊
(ဃ) အမှုဆောင်များ ငွေကြေးအလွဲသုံးစားမှု ရှိ/မရှိ၊
(င) ၆ လနှင့် နှစ်ချုပ်စာရင်းများ အချိန်မီရေးဆွဲစစ်ဆေးခံနိုင်ခြင်း ရှိ/မရှိ၊

သမဝါယမအသင်းအဆင့်ဆင့်အား ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် သာမန်စာရင်းစစ်ဆေးခြင်းနှင့် နှစ်ချုပ်စာရင်းစစ်ဆေးပြီးစီးမှုအခြေအနေ(၃၁-၅-၂၀၂၆)

 

စဉ်

တိုင်းဒေသကြီး/

ပြည်နယ်

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် သာမန်စာရင်း စစ်ဆေးခြင်း

 

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နှစ်ချုပ်စာရင်းစစ်ဆေးခြင်း

 

မှတ်ချက်

စစ်ရန် အသင်း

စစ်ပြီး အသင်း

စစ်ရန် ကျန်

စစ်ရန် အသင်း

စစ်ပြီး အသင်း

စစ်ရန် ကျန်

ကချင်

၈၁၆

၈၁၆

-

၈၂၄

၈၂၄

-

 

ကယား

၃၁၁

 

၃၁၁

၃၁၈

၁၁

၃၀၇

 

ကရင်

၅၀၆

၂၀၃

၃၀၃

၅၁၀

၁၁၁

၃၉၉

 

ချင်း

၆၂၄

၁၆၇

၄၅၇

၆၂၄

-

၆၂၄

 

စစ်ကိုင်း

၅၂၉၉

၅၂၉၉

-

၅၂၉၉

၂၇၁၅

၂၅၈၄

 

တနင်္သာရီ

၅၂၁

၅၂၁

-

၅၂၁

၅၂၁

-

 

ပဲခူး

၆၆၉၈

၆၆၉၈

-

၆၆၉၅

၆၆၉၄

 

မကွေး

၅၄၄၂

၅၀၆၇

၃၇၅

၅၄၄၂

၅၀၀၀

၄၄၂

 

မန္တလေး

၄၇၇၅

၄၁၁၀

၆၆၅

၄၇၇၇

၄၁၂၉

၆၄၈

 

၁၀

မွန်

၆၄၆

၆၄၅

၆၄၃

၆၄၃

-

 

၁၁

ရခိုင်

၁၂၅၃

၂၁

၁၂၃၂

၁၂၅၃

၂၅

၁၂၂၈

 

၁၂

ရန်ကုန်

၂၅၂၆

၂၅၂၆

-

၂၅၃၈

၁၇၄၂

၇၉၆

 

၁၃

ရှမ်း

၂၁၀၈

၁၂၁၈

၈၉၀

၂၁၁၂

၁၃၇၁

၇၄၁

 

၁၄

ဧရာဝတီ

၆၆၂၃

၆၆၂၃

-

၆၆၃၀

၄၂၀၀

၂၄၃၀

 

၁၅

နေပြည်တော်

၆၇၃

၆၇၃

-

၆၈၈

၆၅၀

၃၈

 

၁၆

ဗဟိုသမဝါယမ

-

-

 

၁၇

အသင်းစုချုပ်

 

 

စုစုပေါင်း

၃၈၈၂၇

၃၄၅၉၂

၄၂၃၅

၃၈၈၈၀

၂၈၆၃၇

၁၀၂၄၃

 

 

၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်များတွင် တိုးခဲ့သည့်အသင်းများအား ယခုလချုပ်တွင် ထည့်သွင်းတင်ပြထားခြင်းဖြစ်ပါသည်။

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်