Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမအသင်းများဖွံ့ဖြိုးရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ကျင်းပ


10 Jul,2026

နေပြည်တော်၊  ဇူလိုင် - ၁၀

 

          ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ညွှန်ကြားရေးမှူး၊ ဒေါ်ဆုယဉ်မြင့်နှင့် တာဝန်ရှိသူများ၊ မြို့နယ်(၈)မြို့နယ်သမဝါယမဦးစီးဌာနများမှ ဦးစီးအရာရှိများနှင့် ဦးစီးမှူးတို့ သည် ယနေ့နံနက်(၁ဝး၀၀) နာရီအချိန်တွင် မိုးစပါး၊ နွေစပါး၊ ဝါ စီမံကိန်းသီးနှံများနှင့်စပ်လျဉ်း၍ လည်းကောင်း၊ China EXIM Bank ချေးငွေ ကာလလွန်ကြွေးကျန်များ ပြန်လည်ကောက်ခံ ပေးဆပ်နိုင်ရေးနှင့်စပ်လျဉ်း၍ လည်းကောင်း၊ သမဝါယမဖွံ့ဖြိုးရေး မဟာဗျူဟာလုပ်ငန်းစီမံချက်ကို ဆွေးနွေးရန်အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။

          အစည်းအဝေးတွင် ညွှန်ကြားရေးမှူး၊ ဒေါ်ဆုယဉ်မြင့်က နေပြည်တော်အတွင်း China EXIM Bank ချေးငွေများကျန်ရှိနေသည့် မြို့နယ်များအနေဖြင့် ကာလလွန်ချေးငွေကြွေးကျန်များဖြစ်ပေါ်နေသည့် သမဝါယမ အသင်းတစ်သင်းချင်း၊ အသင်းသားတစ်ဦးချင်း၏ ပေးရန်တာဝန်ရှိငွေများအား ကာလအလိုက်စိစစ်ပြုစု၍ ဇူလိုင်လအတွင်း အပြီးအပြတ်ကောက်ခံပေးဆပ်နိုင်ရေး သက်ဆိုင်ရာ မြို့နယ်ဦးစီးအရာရှိများ အလေးထား ကြီးကြပ်ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ အသင်းပိုင် မြေ၊ အဆောက်အဦးများအား ငှားရမ်းခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် အသင်း၏အကျိုးစီးပွားဖြစ်ထွန်းစေပြီး သမဝါယမစနစ်ဖြင့် လုပ်ငန်းဆောင်ရွက်နိုင်မှုရှိရန် လိုအပ်ပါကြောင်း၊ စီမံကိန်းသီးနှံများဖြစ်သည့် မိုးစပါး၊ နွေစပါး၊ ဝါ သီးနှံများအတွက် အသင်းသားတောင်သူ များစိတ်ကြိုက် မျိုး၊ သွင်းအားစုများ ဖြန့်ဖြူးဆောင်ရွက်ရာတွင် လစဉ်ထုတ်ပြန်သည့် သွင်းအားစုရည်ညွှန်း ဈေးနှုန်းထက် ကျော်လွန်မှုမရှိစေရေး အလေးထားလိုက်နာဆောင်ရွက်ကြရန်နှင့် အသင်းသားတောင်သူများ လက်ဝယ်သို့ စိုက်ပျိုးချိန်အမီ ဖြန့်ဖြူးဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက် နှင့်အညီ မိုးစပါး၊ နွေစပါးများ စိုက်ပျိုးဆောင်ရွက်ရန်ရာတွင် တစပ်တဆက်တည်းရှိသော အသင်းသား တောင်သူများ၏ စိုက်ဧကများအား သမဝါယမစနစ်ဖြင့် စနစ်တကျစုပေါင်း၍ စိုက်ပျိုး ဆောင်ရွက်စေခြင်း၊ မျိုးတစ်မျိုးတည်းသာ စိုက်ပျိုးစေခြင်း၊ စုပေါင်းရိတ်သိမ်းခြင်း၊ ရောင်းချခြင်းများ၏ အကျိုးဖြစ်ထွန်းမှု အားသာချက်များအား ဆွေးနွေးစည်းရုံး၍ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားခဲ့ပါသည်။

          ဆက်လက်၍ မြို့နယ်သမဝါယမဦးစီးဌာနများမှ ဦးစီးအရာရှိများ၊ ဦးစီးမှူးများက မိမိတို့မြို့နယ်အတွင်း China EXIM Bank ချေးငွေကြွေးကျန်ရှိမှုအခြေအနေများနှင့် ပြန်လည်ကောက်ခံဆောင်ရွက်မည့်အစီအစဉ်များ၊ စီမံကိန်းသီးနှံများနှင့်စပ်လျဉ်း၍ အသင်းသားတောင်သူများစိတ်ကြိုက် မျိုး၊ သွင်းအားစုများ ဖြန့်ဖြူးဆောင်ရွက် ပြီးစီးမှုအခြေအနေများအား တင်ပြဆွေးကြရာ ညွှန်ကြားရေးမှူးမှ လိုအပ်သည်များအား ဖြည့်စွက်မှာကြားခဲ့ ပါသည်။ ထို့နောက် နေပြည်တော်သမဝါယမဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး၊ ဦးခင်မောင်ဝင်းက သမဝါယမဖွံ့ဖြိုတိုးတက်ရေး မဟာဗျူဟာလုပ်ငန်းစီမံချက်ကို အစည်းအဝေးတက်ရောက်သူများအား ထပ်ဆင့် ဆွေးနွေးရှင်းလင်းခဲ့ပါကြောင်း သိရသည်။

 

 

နေပြည်တော်သမဝါယမဦးစီးဌာန   


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်