Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း မဲခေါင်-လန်ချန်း ကျေးရွာအဆင့် ဆင်းရဲမှုလျော့ချရေးဆိုင်ရာ စံပြကျေးရွာဆောင်ရွက်ခြင်းစီမံကိန်း စီမံကိန်းပြီးမြောက်ခြင်း အခမ်းအနားတက်ရောက်


21 Aug,2026

နေပြည်တော် ဩဂုတ် ၂၀

          မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ(၂၀၂၄)ဖြင့်ဆောင်ရွက်သော မြစ်ဝကျွန်းပေါ် ဒေသ မဲခေါင်−လန်ချန်းနိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှုလျော့ချရေးဆိုင်ရာ စံပြကျေးရွာ တိုးချဲ့ဆောင်ရွက်ခြင်း စီမံကိန်းပြီးမြောက်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ညောင်တုန်း မြို့နယ်၊ အုန်းပင်စုကျေးရွာ ယာယီရှင်းလင်းဆောင်၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ သမဝါယမ နှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံရုံးယာယီ တာဝန်ခံ Mr. Shen Dan(မစ္စတာရှန်ဒန်)နှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

          အခမ်းအနားတွင် ကျေးရွာအဆင့် ဆင်းရဲမှုလျော့ချရေးဆိုင်ရာစံပြကျေးရွာ ဆောင်ရွက် ခြင်းစီမံကိန်း  အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှု မှတ်တမ်းဗီဒီယိုအား ပြသကြည့်ရှုပြီးနောက် ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းက ကျေးလက်ဒေသများဖွံ့ဖြိုးမှ နိုင်ငံတော်ဘက်စုံဖွံ့ဖြိုးမှာ ဖြစ်သည့်အတွက် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကျေးလက်နေပြည်သူတွေ၏ လူမှုစီးပွားဘဝ အဆင့် အတန်းမြင့်မားလာစေရေးကို အထူးအလေးထား ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒေသခံ ပြည်သူများ၏ ဝင်ငွေတိုးပွားရေးအတွက် ကျေးလက်နေပြည်သူများ၏ မိရိုးဖလာလုပ်ငန်းများကို အဆင့်မြှင့်တင်ကာ စနစ်ကျသော စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ၊ ဒေသထွက်စိုက်ပျိုး မွေးမြူရေးကုန်ကြမ်းများကို အခြေခံသည့် တန်ဖိုးမြှင့်ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်သည်အထိ အားပေး ကူညီဆောင်ရွက်နေပါကြောင်း၊ ဒါ့အပြင် ကျေးလက်ဒေသများတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ စွန့်ပစ်မှိုက်စနစ်တကျစီမံခန့်ခွဲခြင်းလုပ်ငန်းများကိုပါ ထည့်သွင်းစဉ်းစား ဆောင်ရွက် ပေးခြင်းဖြင့် ကျန်းမာသန့်ရှင်းသော ခေတ်မီစံပြကျေးရွာ Clean, Green and Smart Villages များ အဖြစ် ပြောင်းလဲလာမှာဖြစ်ပါကြောင်း ပြောကြားပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ယခုစီမံကိန်းမှာ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(၂၀၂၄)ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်ပေးခဲ့သည့် စီမံကိန်းဖြစ်ပြီး ကျေးရွာ၏အဓိကလိုအပ်ချက်များကို ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် ကျေးရွာရှိ အိမ်ထောင်စု (၁၈၀)စု၊ လူဦးရေ(၇၂၆)ဦးတို့ကို အကျိုးပြုပေးနိုင်ခဲ့ပါကြောင်း၊ ကျေးရွာသူ၊ ကျေးရွာ သားများအနေဖြင့် စီမံကိန်းမှ ဆောင်ရွက်ပေးခဲ့သည့် လုပ်ငန်းများကို မိမိတို့ပိုင်ပစ္စည်းကဲ့သို့ Ownership Mindset မွေးမြူပြီး ထိန်းသိမ်းစောင့်ရှောက်သွားကြရန် တိုက်တွန်းမှာကြားလိုပါ ကြောင်း ပြောကြားပါသည်။

ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံရုံးယာယီ တာဝန်ခံ Mr. Shen Dan(မစ္စတာရှန်ဒန်)က တရုတ်-မြန်မာ နှစ်နိုင်ငံ မဲခေါင်-လန်ချန်းစီမံကိန်း ပူးပေါင်း ဆောင်ရွက်မှု အခြေအနေများအားလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်က တိုင်းဒေသကြီးအတွင်းဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ‌ ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအားလည်းကောင်း ပြောကြားကြပါသည်။

          ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး က  စီမံကိန်းဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီးနောက် ဒေသခံ ပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက စီမံကိန်းဆိုင်ရာမှတ်တမ်းဓာတ်ပုံပြ ခန်းများနှင့် စီမံကိန်းလုပ်ငန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်