နေပြည်တော် ဩဂုတ် ၂၀
သမဝါယမ နှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများသည် ယနေ့ နေ့လယ်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်၊ အင်ဂလာကျေးရွာသို့ သွားရောက်ပြီး ကျေးရွာခန်းမဆောင်၌ ဧရာရွှေစင်စိုက်ပျိုးရေးနှင့် အထွေထွေ စီးပွားရေးလုပ်ငန်း သမဝါယမအသင်းများမှ အသင်းအမှုဆောင်များ၊ အသင်သားတောင်သူများ၊ ကျေးရွာနေပြည်သူများနှင့်တွေ့ဆုံရာ သက်ဆိုင်ရာ တာဝန်ရှိသူများက သမဝါယမစနစ်ကို အခြေခံ၍ စနစ်ကျသော စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်ရန် ဆွေးနွေးထားမှု အခြေအနေများကို ရှင်းလင်း တင်ပြကြပါသည်။
တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ပုဂ္ဂလိက-တောင်သူ- သမတို့ ပူးပေါင်းပြီး အစုအဖွဲ့ စနစ် စုပေါင်းလယ်ယာဆောင်ရွက်ခဲ့ကြောင်း၊ စနစ်တကျ စုပေါင်းဆောင်ရွက်ခြင်းကြောင့် ထုတ်လုပ်မှု စရိတ်သက်သာတာကို လက်တွေ့မြင်ရမှာဖြစ်ပါကြောင်း၊ လိုအပ်သည့် မျိုးကောင်း မျိုးသန့်၊ သွင်းအားစုဓာတ်မြေဩဇာများ အချိန်မီရရှိရေး၊ စိုက်ပျိုးရေရရှိရေးတို့ကို သက်ဆိုင်ရာဌာန များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်ပေးမှာဖြစ်ကြောင်း ဆွေးနွေးမှာကြားပါသည်။
ဆက်လက်ပြီး ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်က တိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့မှု အခြေနေများအား ရှင်းလင်းပြောကြားပြီးနောက် ဒေသခံတောင်သူများ၏ တင်ပြချက်များကို ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် တို့က ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဟင်္သာတမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ရောက်ရှိပြီး ဟင်္သာတမြို့နယ်နှင့် လေးမျက်နှာမြို့နယ်တို့ရှိ ရေဘေးသင့်ပြည်သူများ အတွက် ထောက်ပံ့ပေးအပ်ပွဲသို့တက်ရောက်ကာ ပြည်ထောင်စုဝန်ကြီးက ရေပြန်လည်ကျသွားပါက အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းများ၊လမ်းတံတားလုပ်ငန်းများနှင့် အသက်မွေးဝမ်းကျောင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စနစ်တကျပြန်လည်ဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရန် မှာကြားပြီးနောက် ရေဘေးသင့်ပြည်သူများအတွက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာနမှ အလှူငွေကျပ်သိန်း(၁၀၀)၊ တစ်ကိုယ်ရေသုံး ကျန်းမာရေးပစ္စည်းများနှင့် ရေသန့်စင်စက်များ အား တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်