တပ်ကုန်း ဩဂုတ် ၃၀
ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ်သမဝါယမဦးစီးဌာနရုံးတွင် ယနေ့ မွန်းလွဲပိုင်းက နေပြည်တော်တိုင်းသမဝါယမဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ တာဝန်ရှိသူများနှင့် သမဝါယမအသင်းသားတောင်သူများ တက်ရောက်၍ သမဝါယမစနစ်ကိုအခြေခံကာ စုပေါင်း ဆောင်ရွက်မည့် စနစ်ကျ (Cooperative – Based Farming Project – CBFP) စီမံကိန်းနှင့် သီးနှံသိုလှောင်ရုံ၊ သီးနှံအပ်နှံလက်မှတ်ကြိုတင်ချေးငွေ (Warehouse Receipt Financing – WRF) စနစ်ဖြင့် ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းစဉ်များ ရှင်းလင်းပွဲကျင်းပသည်။
ရှင်းလင်းတင်ပြ
ဦးစွာ တပ်ကုန်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၏ (ကိုယ်စား) တာဝန်ရှိသူတစ်ဦးက ရပ်ကွက်၊ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ လွှတ်တော်သို့တင်ပြထားရှိမှုအပေါ် ရှင်းလင်းပြောကြားခဲ့ပြီး နေပြည်တော်တိုင်းသမဝါယမဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးက သမဝါယမစနစ်ကိုအခြေခံ၍ စုပေါင်းဆောင်ရွက်မည့် (CBFP) နှင့် (WRF) စီမံကိန်းလုပ်ငန်းဆောင်ရွက်မည့်စနစ်များကို ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။
တင်စိုးလွင်(ပြန်/ဆက်
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်