Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီအစည်းအဝေးသို့ တက်ရောက်


01 Sep,2026

နေပြည်တော် ဩဂုတ် ၃၁

ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင် စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ဦးဆောင်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း၊ ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ နှင့် ဝန်ကြီးဌာနအလိုက် ကော်မတီအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေး လုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်သည်။

          ရှေးဦးစွာ ဦးဆောင်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြား ရာတွင် စိုက်ပျိုးသီးနှံများ အထွက်နှုန်းတိုးစေရေးအတွက် ဓာတ်မြေဩဇာများ သုံးစွဲနိုင်ရေးနှင့် အချိန်မီဖြန့်ဖြူးပေးနိုင်ရေး ရည်ရွယ်၍ အစည်းအဝေးခေါ်ယူခြင်း ဖြစ်ပါကြောင်း၊ ဦးဆောင် ကော်မတီအနေဖြင့် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လကုန်အထိ ကွန်ပေါင်းနှင့် အခြားမြေဩဇာ ၄၃၂၁၅၀ တန် ထောက်ခံပေးခဲ့ပါကြောင်း၊    မိုးစပါးနှင့် မိုးသီးနှံများအတွက် သီးနှံပေါ်ပေးနစ်၊ လက်ငင်းငွေချေစနစ်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ၊ REZ စီမံကိန်းများ၏ လိုအပ်တန်ချိန် ပမာဏအတွက် လက်ကျန် လုံလောက်မှုရှိပြီး မပြတ်လပ်အောင် စီမံထားရန် လိုအပ်ပါကြောင်း၊

          ဦးဆောင်ကော်မတီအနေဖြင့် နိုင်ငံတကာဈေးနှုန်းများ ကြီးမြင့်နေချိန်မှာ တောင်သူများ အဆင်ပြေစေရန် စုပေါင်းဝယ်ယူ စုပေါင်းဖြန့်ဖြူးနိုင်ရေးအတွက် သမဝါယမစနစ် Consortium ပုံစံဖြင့် အမြတ်မယူဘဲ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရည်ညွှန်းဈေးနှုန်းကို လစဉ် ပုံမှန်ထုတ်ပြန် ပေးလျက်ရှိပါကြောင်း၊ ဓာတ်မြေဩဇာများ အရည်အသွေးနှင့် အလေးချိန်မှန်ကန်စေရေး၊ သတ်မှတ် ရောင်းဈေးနှုန်းထက် ပိုမိုရောင်းချမှုမရှိစေရေး၊ သိုလှောင်ပြီး ဈေးကစားခြင်းများ မရှိစေရေး၊ မြို့နယ် အလိုက် အရောင်းဆိုင်များကို စစ်ဆေးရန်လိုအပ်ကြောင်း၊ မိမိတို့ ရည်ရွယ်ချက်အတိုင်း အချိန်မီ ရရှိရေး၊ အရည်အသွေးပြည့်ဝစေရေး၊ သက်သာသောဈေးနှုန်းနဲ့ တောင်သူများ လက်ဝယ်အရောက် တိုက်ရိုက်ဝယ်ယူအသုံးပြုနိုင်ရေးတို့အတွက် သက်ဆိုင်ရာဌာန အားလုံးက ဝိုင်းဝန်းဆောင်ရွက်ပေး ကြရန် တိုက်တွန်းပြောကြားသည်။

ယင်းနောက် ဦးဆောင်ကော်မတီ အတွင်းရေးမှူးနှင့် မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌတို့က ဓာတ်မြေဩဇာ ဝယ်ယူတင်သွင်းဖြန့်ဖြူး ရောင်းချလျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ ဦးဆောင်ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ ဦးစီးဌာနများမှ ကိုယ်စားလှယ်များ နှင့် တာဝန်ရှိသူများက ဝိုင်းဝန်းဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်