Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပုဗ္ဗသီရိမြို့၌ သမဝါယမစနစ်ကိုအခြေခံ၍ စုပေါင်းဆောင်ရွက်မည့်(CBFP)နှင့် (WRF) စီမံကိန်းလုပ်ငန်းများ ရှင်းလင်းပွဲကျင်းပ


01 Sep,2026

ပုဗ္ဗသီရိ စက်တင်ဘာ ၁

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပုဗ္ဗသီရိမြို့နယ်သမဝါယမဦးစီးဌာနက ပုဗ္ဗသီရိမြို့နယ် အတွင်းရှိ သမဝါယမအသင်းသား တောင်သူများအား သမဝါယမစနစ်ကိုအခြေခံကာ စုပေါင်းဆောင်ရွက် မည့် စနစ်ကျသော (Cooperative Based Farming Project- CBFP)စီမံကိန်းနှင့် သီးနှံသိုလှောင်ရုံ သီးနှံအပ်နှံလက်မှတ် ကြိုတင်ချေးငွေ (Warehouse Receipt Financing – WRF) စနစ်ဖြင့် ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းစဉ်များ ရှင်းလင်းပွဲကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက တောင်သူလယ်သမားများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းဆောင်ရွက်ရန် ရှင်းလင်း ပြောကြားခဲ့ပြီး နေပြည်တော်တိုင်းသမဝါယမဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက သမဝါယမစနစ်ကိုအခြေခံ၍ စုပေါင်းစုဆောင်ရွက်မည့် (CBFP) နှင့် (WRF) စီမံကိန်းလုပ်ငန်းဆောင်ရွက် သွားမည့်စနစ်များကိုလည်းကောင်း၊  ပုဗ္ဗသီရိမြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်အောင် က လုပ်ငန်းဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ Aung Than Htike Company Co; Ltd မှ တာဝန်ရှိသူက (CBFP) နှင့် (WRF) လုပ်ငန်းစဉ်ကိုလည်း‌‌ကောင်း၊ ဆက်စပ်ဌာနများမှ လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

အောင်ကို (ပုဗ္ဗသီရိ)

နေပြည်တော်ကောင်စီနယ်မြေ


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်