Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြိတ်မြို့နယ်တွင် သမဝါယမစနစ်ကို အခြေခံ၍ စုပေါင်းဆောင်ရွက်သည့် စနစ်ကျသောစိုက်ပျိုးရေးစနစ် (CBFP)စီမံကိန်းအကြောင်း ရှင်းလင်းဆွေးနွေး


01 Sep,2026

မြိတ် စက်တင်ဘာ ၁

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်အတွင်း သမဝါယမစနစ်ကိုအခြေခံ၍ စုပေါင်းဆောင်ရွက် သည့် စနစ်ကျသောစိုက်ပျိုးရေးစနစ်(Cooperative Based Farming Project-CBFP) စီမံကိန်း ဆောင်ရွက်မည့် အကြောင်းအရာများကို ယမန်နေ့က မြို့နယ်သမဝါယမဦးစီးဌာနရုံး၌ ရှင်းလင်း ဆွေးနွေးသည်။

CBFP စီမံကိန်းသည် သမဝါယမစနစ်ကိုအခြေခံ၍ စုပေါင်းဆောင်ရွက်သည့် စနစ်ကျသော စိုက်ပျိုးရေးစနစ်ဖြစ်ကာ နည်းလမ်း(၃)သွယ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပြီး အဓိက ရည်ရွယ်ချက်အနေဖြင့် အသင်းသားတောင်သူများ စိုက်ပျိုးရေးဆောင်ရွက်မည့် မြေဧကများကို အမှန်တကယ် ထွန်ယက်စိုက်ပျိုးချိန်အမီ စက်ကိရိယာများ ဖြည့်ဆည်းပေးနိုင်ရန်နှင့် စိုက်ဧကများ အထွက်နှုန်းကောင်းရန် လက်မှုလယ်ယာမှစက်မှုလယ်ယာစနစ်အဖြစ် နည်းစနစ်ကျသည့် စိုက်ပျိုးရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းဖြစ်သည်။

ရှင်းလင်းဆွေးနွေးပွဲသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် သမဝါယမအသင်း သားတောင်သူများ တက်ရောက်ကြပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တ ဥက္ကဋ္ဌ ဦးကျော်ခေါင်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမိုးမြင့်တို့က အမှာစကားပြောကြားကြပြီး မြို့နယ်သမဝါယမဦးစီးဌာနဦးစီးအရာရှိ ဒေါ်စမ်းစမ်းမိုးက သမဝါယမစနစ်ကိုအခြေခံ၍ စုပေါင်း ဆောင်ရွက်သည့် စနစ်ကျသော (CBFP) စီမံကိန်းနှင့် စီမံကိန်းဆောင်ရွက်မည့် ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားခဲ့ကြောင်းသိရသည်။

ခိုင်ထူး ( ပြန်/ဆက်)

တနင်္သာရီတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်