Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပျဉ်းမနားမြို့နယ်၌ သမဝါယမစနစ်ကို အခြေခံ၍ စုပေါင်းဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများ ရှင်းလင်း


01 Sep,2026

နေပြည်တော် စက်တင်ဘာ ၁

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပျဉ်းမနားမြို့နယ်သမဝါယမဦးစီးဌာနမှ ပျဉ်းမနား ခရိုင်အတွင်းရှိ သမဝါယမအသင်းများအား သမဝါယမစနစ်ကိုအခြေခံ၍ စုပေါင်းဆောင်ရွက်သည့် စနစ်ကျသော စိုက်ပျိုးရေးစနစ် (Cooperative Based Farming Project (CBFP) စီမံကိန်းနှင့် သီးနှံသိုလှောင်ရုံ၊ သီးနှံအပ်လက်မှတ်ကြိုတင်ချေးငွေ (Warehouse Receipt Financing (WRF) စနစ်ဖြင့် ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းစဉ်များအား ချပြရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့က အဆိုပါရုံး၌ ကျင်းပရာ ပျဉ်းမနားမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဌေးနှင့် လယ်ဝေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဌေး၊ နေပြည်တော်သမဝါယမဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးဇော်ဝင်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သမဝါယမအသင်းသား တောင်သူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက တောင်သူလယ်သမားများ၏ အခန်းကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် လုပ်ငန်းများဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက် နိုင်ရေးနှင့်စပ်လျဉ်း၍ အမှာစကားအသီးသီးပြောကြားကြပြီး နေပြည်တော်သမဝါယမဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးက သမဝါယမစနစ်ကိုအခြေခံ၍ စုပေါင်းဆောင်ရွက်မည့် (CBFP)၊ (WRF) စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်သွားမည့် အခြေအနေများနှင့် လုပ်ငန်းစနစ်များကို Power Point ဖြင့် ရှင်းလင်းတင်ပြဆွေးနွေးသည်။

ထို့နောက် ပျဉ်းမနားမြို့နယ်နှင့် ဇမ္ဗူသီရီမြို့နယ် သမဝါယမဦးစီးဌာနတို့မှ မြို့နယ်ဦးစီးမှူးများက သက်ဆိုင်ရာမြို့နယ်အလိုက် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး၊ Myanmar Agribusiness Public Co,Ltd မှ တာဝန်ရှိသူတစ်ဦးက လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြ ဆွေးနွေးကာ တက်ရောက်လာကြသည့် သမဝါယမအသင်းသားများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

နေပြည်တော်ကောင်စီနယ်မြေ


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်