နေပြည်တော် စက်တင်ဘာလ ၂
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇေယျာသီရိမြို့နယ် ကျည်တောင်ကျေးရွာအုပ်စု မွန်းတည့်ခွင်(တောင်)ကျေးရွာ၌ သမဝါယမလုပ်ငန်းဆိုင်ရာများနှင့်သမဝါယမစနစ်ကိုအခြေခံ၍ စုပေါင်းဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းစဉ်များအား ချပြရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့က ကျင်းပရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ၊ နေပြည်တော်သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာတာဝန်ခံ/ရာအိမ်မှူးများ၊ အခြေခံသမဝါယမအသင်းသားတောင်သူ များ တက်ရောက်ခဲ့သည်။
ဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက တောင်သူလယ်သမားများ၏ အခန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန် ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် နေပြည်တော်သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းမှ သမဝါယမစနစ်ကိုအခြေခံ၍ စုပေါင်းဆောင်ရွက်မည့် စနစ်ကျသောစိုက်ပျိုးရေး စနစ်(CBFP) စီမံကိန်းနှင့်သီးနှံသိုလှောင်ရုံ၊ သီးနှံအပ်လက်မှတ်ကြိုတင်ချေးငွေ(WRF) စီမံကိန်း လုပ်ငန်းဆောင်ရွက်သွားမည့်စနစ်များအား ရှင်းလင်းတင်ပြခဲ့သည်။ ယင်းနောက် ဇေယျာသီရိ မြို့နယ်သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူးက လုပ်ငန်းဆိုင်ရာများ ရှင်းလင်းတင်ပြခြင်း၊ ဇေယျာသီရိမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက လုပ်ငန်း ဆိုင်ရာများ ရှင်းလင်းတင်ပြခြင်း၊ အောင်သန်းထိုက်ကုမ္ပဏီလီမိတက်၏ တာဝန်ရှိသူတစ်ဦးမှ လုပ်ငန်းဆိုင်ရာများ ရှင်းလင်းတင်ပြခြင်း၊ မိုးစပါးစုပေါင်း စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်နေသော တောင်သူများမှ သိရှိလိုသည်များအပေါ် ပြန်လည်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်