သန်လျင် စက်တင်ဘာ ၄
သန်လျင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၆- ၂၀၂၇ ဘဏ္ဍာနှစ် ပြည်ထောင်စု(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ငါးပြေမကျေးရွာအဝင်လမ်းပေါ်ရှိ တံတားတည်ဆောက်ခြင်းလုပ်ငန်းကို စက်တင်ဘာ ၃ ရက်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ်၊ သန်လျင်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး၊ သန်လျင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးတို့ပါဝင်သော အဖွဲ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ယင်းသို့ကြည့်ရှုစစ်ဆေးရာတွင် လုပ်ငန်းတင်ဒါဖြင့် ဆောင်ရွက်နေသော လမ်း၊ တံတားလုပ်ငန်းများ၊ Bored Pile လုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းနှင့် အရည်အသွေးပြည့်မီစွာ အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သန်းဝင်း(သန်လျင်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်