ကျောက်တန်း စက်တင်ဘာ ၇
သမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်သမဝါယမဦးစီးဌာနတွင် သမဝါယမကဏ္ဍမှဆောင်ရွက်နေသည့် နိုင်ငံ့စီးပွား မြှင့်တင်ရေး စီမံကိန်းများ၊ လူမှုစီးပွားမြှင့်တင်ရေး (သက်တန့်ရောင်) စီမံကိန်းနှင့် သမဝါယမစနစ်ကို အခြေခံ၍ စုပေါင်းဆောင်ရွက်သည့် စနစ်ကျသော စိုက်ပျိုးရေးစနစ်နှင့်ပတ်သက်၍ စီမံကိန်းလုပ်ငန်းစဉ် များအား ရှင်းလင်းခြင်းအခမ်းအနားကို မြို့နယ်သမဝါယမအသင်းစုရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမင်းမိုးက အမှာစကားပြောကြားသည်။
ဆက်လက်၍ မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နွယ်နွယ်ခိုင်က သမဝါယမကဏ္ဍမှ ဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါစီမံကိန်းလုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေးပွဲကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်
ဒေါ်အေးမင်းမိုးနှင့် ဦးမျိုးမြင့်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အခြေခံသမဝါယမအသင်း ၉ သင်းမှ အမှုဆောင်များနှင့် အသင်းသား တောင်သူ ၆၇ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
နေလင်းကျော် (ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်