Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမကဏ္ဍမှ ဆောင်ရွက်နေသည့် လုပ်ငန်းစီမံကိန်းများ ရှင်းလင်းဆွေးနွေး


07 Sep,2026

မွန် စက်တင်ဘာ ၇

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန မွန်ပြည်နယ်သမဝါယမဦးစီးဌာန ပြည်နယ် ဦးစီးမှူးက မွန်ပြည်နယ်အတွင်း သမဝါယမကဏ္ဍမှ ဆောင်ရွက်နေသည့် နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်း၊ သက်တန့်ရောင်စီမံကိန်းနှင့် သမဝါယမစနစ်ကိုအခြေခံ၍ စုပေါင်းဆောင်ရွက်သည့် စနစ်ကျသော စိုက်ပျိုးစနစ် ပီပြင်စွာပေါ်ပေါက်လာစေရေး စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ ယနေ့နံနက်ပိုင်းက မွန်ပြည်နယ်လွှတ်တော်ရုံး ဆွေးနွေးပွဲခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည်နယ် အဆင့် ဌာန ၄ ဌာနမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် လုပ်ငန်းဆိုင်ရာကိစ္စရပ်များ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားတွင် ချပြရှင်းလင်းသည်။

အဆိုပါရှင်းလင်းဆွေးနွေးပွဲခမ်းအနားသို့ မွန်ပြည်နယ်လွှတ်တော် ဥက္ကဌ ဦးသက်ထွေး၊ ဒုတိယဥက္ကဌ မင်းအောင်မြင့်နှင့် တပ်မတော်သား ကိုယ်စားလှယ်များအပါအဝင် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ၂၁ ဦးနှင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်သည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်