Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လက်ပံတန်းမြို့နယ် သာယာကုန်းကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ ပထမအကြိမ်မြောက် ထုတ်ချေး


10 Sep,2026

လက်ပံတန်းမြို့နယ် သာယာကုန်းကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ ပထမအကြိမ်မြောက် ထုတ်ချေး

‎************************************************************************

‎လက်ပံတန်း        စက်တင်ဘာ      ၁၀

‎‎သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ တနိုင်တပိုင်အသေးစားစီးပွားရေး လုပ်ငန်းများဆောင်ရွက်ရန် ငွေကြေးအရင်းအနှီးရရှိပြီး မိသားစုစားဝတ်နေရေးကို အထောက်အကူ ပြုနိုင်ရန်အတွက် လက်ပံတန်းမြို့နယ်၊ နဘဲကွင်းကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာ၌ မြစိမ်းရောင် စီမံကိန်းအရင်းမပျောက်လည်ပတ် ရန်ပုံငွေ ပထမအကြိမ်မြောက် ထုတ်ချေးပေးခြင်းကို စက်တင်ဘာ ၉ ရက်နေ့က အဆိုပါကျေးရွာ စုရပ်ဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

‎‎ရှေးဦးစွာ သာယာဝတီခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးညွန့်ဇော်က မြစိမ်းရောင်ကျေးရွာစီမံကိန်း၏ ရည်ရွယ်ချက်၊ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပြီး လက်ပံတန်းမြို့နယ်ဦးစီးမှူး ဦးသက်စိုးက ရန်ပုံငွေထုတ်ချေးရာတွင် လိုက်နာရန်စည်းကမ်းများ၊ အတိုး/အရင်းပေးဆပ်ရန်ကာလနှင့် အတိုးနှုန်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားသည်။

‎‎ဆက်လက်၍ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက စီမံကိန်းရန်ပုံငွေကျပ်သိန်း ၃၀၀ ကို ကျေးရွာ သာယာကုန်းကျေးရွာ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်သည်။

‎‎ထို့နောက် မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၅၇ ဦး၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၅၄ ဦး၊ အသေးစားစီးပွားရေးလုပ်ငန်း လုပ်ကိုင်သူ တစ်ဦး၊ စုစုပေါင်း စီမံကိန်းအသင်းဝင် ၁၁၂ ဦးကို ငွေကျပ်သိန်း ၃၀၀ အား အတိုးနှုန်းသက်သာစွာဖြင့် တစ်ဦးချင်းလက်ဝယ်အရောက် စနစ်တကျ ထုတ်ချေးပေးခြင်းကို ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သာယာဝတီခရိုင် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်