မိုးကောင်း စက်တင်ဘာ ၁၄
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးကောင်းမြို့နယ် သမဝါယမစနစ်ကိုအခြေခံ၍ စုပေါင်း ဆောင်ရွက်သည့်စနစ်ကျသော စီမံကိန်းသစ်အား မိတ်ဆက်ရှင်းလင်းပွဲကို မြို့နယ်သမဝါယမ ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါမိတ်ဆက်ရှင်းလင်းပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းအောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံကိန်းရေးဆွဲရေးကော်မတီဥက္ကဌ ဦးဆန်းထွန်းနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးမျိုးထိုက်တို့မှ လမ်းညွှန်အမှာစကား ပြောကြားသည်။
ဆက်လက်၍ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခိုင်မာသန်းမှ စီမံကိန်း၏ ရည်ရွယ်ချက်၊ အခြေခံမူ၊ ဆောင်ရွက်ရမည့်နည်းလမ်းများအား ချပြရှင်းလင်းမှုအပေါ် တက်ရောက် လာသည့် သက်ဆိုင်ရာ ဆက်စပ်ဌာနများမှ တာဝန်ရှိသူများက စုပေါင်းဆောင်ရွက်တတ်သည့်စနစ် ပီပြင်စွာဖြစ်ပေါ်လာရေးအတွက် အပြန်အလှန် အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်