Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျောက်တန်းမြို့နယ်၌ မြို့နယ်သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ်အရပ်ရပ်ဆိုင်ရာအစည်းဝေးကျင်းပ


15 Sep,2026

ကျောက်တန်း စက်တင်ဘာ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် မြို့နယ်သမဝါယမအသင်းစု လီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာအစည်းဝေးနှင့် ဒါရိုက်တာအဖွဲ့ဝင်များ၊ အသင်းသားစာရင်းစစ်များ ရွေးချယ်တင်မြှောက်ခြင်း အခမ်းအနားကို ကျောက်တန်းမြို့နယ် အသင်းစုခန်းမ၌ ကျင်းပခဲ့ပါသည်။

အခမ်းအနားအစီအစဉ်အား အပိုင်းနှစ်ပိုင်းခွဲ၍ ဆောင်ရွက်ခဲ့ရာ ပထမပိုင်းအနေဖြင့် မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌမှ သဘာပတိအဖြစ်‌​ ဆောင်ရွက်ပြီး သမဝါယမအသင်းများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ချက်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး ဘဏ္ဍာရေးရှင်းတမ်းများ ချပြ ရှင်းလင်းကာ အတည်ပြုချက်များရယူခဲ့ပြီးနောက် ဒါရိုက်တာအဖွဲ့ဝင်များအားလုံး နုတ်ထွက် ပါကြောင်း‌ ​ကြေညာခဲ့ပါသည်။

ဒုတိယပိုင်းအစီအစဉ်အရ တိုင်းဖွဲ့စည်းရေးကော်မရှင်ဥက္ကဋ္ဌ တိုင်းဦးစီးမှူး ဒေါ်ဥမ္မာမြင့်မှ သမဝါယမဥပဒေသစ်အရ ဒါရိုက်တာအဖွဲ့ဝင်သစ်များ ရွေးချယ်တင်မြှောက်ပြီး တာဝန်ခွဲဝေခြင်း၊ ကတိသစ္စာခံယူခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ယင်းနောက် အသင်းဝင်အခြေခံအသင်းများအား အစုပေါ်အမြတ်ငွေ (၃၅၂၀၂၂၀) ကျပ်ကို ပေးအပ်ခဲ့ပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် အသင်းများအနက် သွင်းအားစုငွေများအား အစောဆုံးပြန်လည်ပေးဆပ်ခဲ့သည့် ရွှေကံကော်အသင်းအား ဂုဏ်ပြုဆု ပေးအပ်ခဲ့ကြောင်း သိရသည်။

နေလင်းကျော် (ပြန်/ဆက်)

ရန်ကုန်တိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်