Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျိုက်ထိုမြို့နယ်၌ ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်


15 Sep,2026

 ကျိုက်ထို စက်တင်ဘာ ၁၄

     မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် တာဝန်ယူဆောင်ရွက်နေသည့် တောင်ကလေးကျေးရွာ တောင်ကလေး-ကွင်းကလေး - ဝင်းပြန် – ငယ်ဒိုလမ်း ကတ္တရာလမ်းခင်းရန်အတွက် Sub-base လွှာခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို မွန်ပြည်နယ် တာဝန်ခံအင်ဂျင်နီယာချုပ်နှင့် တာဝန်ရှိသူများက စက်တင်ဘာ ၁၄ ရက် မွန်းလွဲပိုင်းတွင် ကွင်းဆင်းစစ်ဆေးသည်။

    ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ကျေးရွာနေပြည်သူများ လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့ပြီး ဒေသထွက် စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များ လွယ်လင့်တကူ ရောင်းဝယ်နိုင်ခြင်းဖြင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာနိုင်စေရေး အတွက် တောင်ကလေး ကျေးရွာ တောင်ကလေး - ကွင်းကလေး-ဝင်းပြန်-ငယ်ဒိုလမ်း ကတ္တရာခင်း ရန်အတွက် Sub-base လွှာခင်း ခြင်းလုပ်ငန်းကို ဩဂုတ် ၅ ရက်မှ စတင် ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၁၀ ရက်တွင် လုပ်ငန်းများ ၃၅ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်