ရေကြည် စက်တင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ် သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်အသစ်ရွှေးချယ် တင်မြှောက်ပွဲကို ယမန်နေ့နံနက်ပိုင်းက ရေကြည်မြို့နယ် သမဝါယမဦးစီးဌာန၌ ကျင်းပသည်။
ဦးစွာ အခမ်းအနားတွင် သဘာပတိက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စီမံခန့်ခွဲရေး နှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းဇော်လင်းနှင့် မြို့နယ်သမဝါယမဦးစီးအရာရှိ ဒေါ်ကေသွယ်ဝင်း တို့က အမှာစကားများ ပြောကြားကြသည်။
ထို့နောက် အသင်းအမှုဆောင်များက အစီရင်ခံစာများ၊ ဘဏ္ဍာရေးရှင်းတမ်းများ ဖတ်ကြားရှင်းလင်း၍ အသင်းဝင်ကိုယ်စားလှယ်များ၏ အတည်ပြုချက်ကိုရယူပြီး အမှုဆောင် ရွေးချယ်ပွဲကို ဆက်လက်ကျင်းပရာ အမှုဆောင်အသစ်များ ပြန်လည်ရွေးချယ်ခြင်း၊ တာဝန်ခွဲဝေ သတ်မှတ်ခြင်း၊ ကတိသစ္စာခံယူခြင်းတို့ ပြုလုပ်ခဲ့ကြောင်းသိရသည်။
အောက်သူဟန် (ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်