ချောင်းဆုံ စက်တင်ဘာ ၁၇
မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ကညှော်ကျေးရွာ ကူးတို့ဆိပ်လမ်းပေါ်ရှိ အမှတ် (၃) သံကူကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းအား စက်တင်ဘာ ၁၅ ရက်က ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) မှ မွန်ပြည်နယ် တာဝန်ခံ အင်ဂျင်နီယာချုပ်(မြို့ပြ) နှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ တံတားကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိပြီး အလျားပေ ၈၀၊ အနံ ပေ ၂၀ သံကူကွန်ကရစ်တံတားဖြစ်သည်။ တာဝန်ရှိသူများက ကြည့်ရှု စစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်း၊ အရည်အသွေးနှင့် အတိုင်းအတာများ ပြည့်မီရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးအတွက် အလေးထားဆောင်ရွက်ရန် ပြောကြားခဲ့ကြောင်း သိရသည်။
ကိုကျော်(ချောင်းဆုံ)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်