ပဲခူး စက်တင်ဘာ ၃၀
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် ဦးထွန်းဝေသည် ယမန်နေ့က တာဝန်ရှိသူ များနှင့် အတူ ပဲခူးမြို့နယ် ကလိကျေးရွာတွင်း ထီးချသစ်သားတံတား ပြန်လည်ပြုပြင်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ကွင်းဆင်းစစ်ဆေးရာတွင် အင်ဂျင်နီယာချုပ်သည် ဒုတိယညွှန်ကြားရေးမှူး၊ ပဲခူးခရိုင်ဦးစီးမှူး၊ ပဲခူးမြို့နယ်ဦးစီးမှူးတို့နှင့်အတူ ပဲခူးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပြည်ထောင်စု(ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကလိကျေးရွာတွင်းလမ်းပေါ်ရှိ ထီးချသစ်သားတံတား တံတားကြမ်းခင်းနှင့် လက်ရန်းများ ပြန်လည်ပြုပြင်နိုင်ရန် ကွင်းဆင်းစစ်ဆေးကြည့်ရှုပြီး နည်းပညာဆိုင်ရာ လိုအပ်ချက်များကို မှာကြားသည်။
အဆိုပါလုပ်ငန်းဆောင်ရွက်မှုပြီးစီးပါက ကျေးရွာ တစ်ရွာ၊ အိမ်ခြေ ၆၀၂ အိမ်၊ လူဦးရေ ၂၉၀၅ ဦးကို အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်