Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကော့မှူးမြို့နယ်တွင် သမဝါယမအသင်းစုလီမိတက်၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် ဒါရိုက်တာအဖွဲ့ရွေးချယ်ပွဲကျင်းပ


02 Oct,2026

ကော့မှူး အောက်တိုဘာ  ၂

သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ် ဆိုင်ရာအစည်းအဝေးနှင့် ဒါရိုက်တာအဖွဲ့ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် တောင်ပိုင်းရပ်ကွက် မြို့နယ်သမဝါယမ ဦးစီးဌာနရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌက သဘာပတိအဖြစ်ဆောင်ရွက်ပြီး ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာ ဘဏ္ဍာရေးရှင်းတမ်းများကို ဖတ်ကြားအတည်ပြုချက်ရယူခဲ့ပြီး ဒါရိုက်တာအဖွဲ့ဝင်များအားလုံး နှုတ်ထွက်ကြောင်း ကြေညာခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဖွဲ့စည်းရေးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး ဦးစီးမှူး ဒေါ်ဥမ္မာမြင့်က သဘာပတိအဖြစ် ဆောင်ရွက်ပြီး သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များ၊ သမဝါယမအသင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေနှင့်အညီ ဒါရိုက်တာအဖွဲ့အား ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရသည်။

ကျော်သူရ (ကော့မှူး)

ရန်ကုန်တိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်